ဆိုးရှား နေရာအတွက် ဘရန်ဒန် ရော်ဂျာကို အစားထိုးခန့်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ကွန်တီကို မရနိုင်တော့တဲ့နောက် လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ကို ဆိုးရှားနေရာ အစားထိုး ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

လီဗာပူးအသင်း နည်းပြဟောင်းလည်း ဖြစ်တဲ့ ရော်ဂျာဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံကောင်းတွေ ရှိထားပြီးသူ ဖြစ်ပါတယ်။

သတင်းတွေ အရ ဘရန်ဒန်ရော်ဂျာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နှုတ်အားဖြင့် သဘောတူညီထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘရန်ဒန်ရော်ဂျာ က လက်စတာကနေ ချက်ချင်း နှုတ်မထွက်လိုဘဲ ရာသီကုန်အထိ စောင့်ဆိုင်းစေလိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ဆိုးရှား လက်အောက် ကျဆင်းနေတဲ့ အသင်းကို ဆယ်ယူနိုင်ဖို့ ရော်ဂျာကို ချက်ချင်း ခန့်အပ်နိုင်ဖို့ အတွက် ဖိအားပေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ZG

မန္ခ်က္စတာ ယူနိုက္တက္ တာဝန္ရွိသူေတြဟာ ကြန္တီကို မရနုိင္ေတာ့တဲ့ေနာက္ လက္စတာ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာ ကို ဆိုးရွားေနရာ အစားထိုး ခန္႔အပ္ဖို႔ ၾကိဳးစားေနပါတယ္။

လီဗာပူးအသင္း နည္းျပေဟာင္းလည္း ျဖစ္တဲ့ ေရာ္ဂ်ာဟာ ပရီးမီးယားလိဂ္မွာ အေတြ႔အၾကံဳေကာင္းေတြ ရွိထားျပီးသူ ျဖစ္ပါတယ္။

သတင္းေတြ အရ ဘရန္ဒန္ေရာ္ဂ်ာဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဘရန္ဒန္ေရာ္ဂ်ာ က လက္စတာကေန ခ်က္ခ်င္း ႏႈတ္မထြက္လိုဘဲ ရာသီကုန္အထိ ေစာင့္ဆိုင္းေစလိုပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ တာဝန္ရွိသူေတြကေတာ့ ဆိုးရွား လက္ေအာက္ က်ဆင္းေနတဲ့ အသင္းကို ဆယ္ယူနိုင္ဖို႔ ေရာ္ဂ်ာကို ခ်က္ခ်င္း ခန္႔အပ္ႏိုင္ဖို႔ အတြက္ ဖိအားေပး ၾကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။