ဒီကစားသမား ရရင် မန်ယူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပြီ လို့ ပေါမာဆန် ထောက်ခံတိုက်တွန်း လိုက်သူ

မန်ချက်စတာ ယူနိုက်တက်ကို လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်သူတွေ အဖြစ် ပြောင်းလဲပေးနိုင်မယ့် ကစားသမားကို ရအောင် ခေါ်ဖို့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ တိုက်တွန်းပေးလိုက်ပါတယ်။

နည်းပြ တန်ဟက်ရဲ့ အသင်းဟာ ဒီနွေမှာ ဂိုးသမား အိုနာနာ၊ ကွင်းလယ်တိုက်စစ်သမား မေဆန်ေ်မာင့် တို့ကို ခေါ်ယူအားဖြည့်ပြီး ဖြစ်ပါတယ်။ နောက်ထပ် ခေါ်ယူမှု အနေနဲ့ တိုက်စစ်မှုးသစ် ရဖို့ ယူနိုက်တက်က ဆက်တိုက် လှုပ်ရှားနေပြီး အတ္တလန္တာ တိုက်စစ်မှုး ဟွိုင်လန်းက ပထမ ဦးစားပေးပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဟွိုင်လန်းကို ပေါင် သန်း ၆ဝ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယူနိုက်တက်က ယုံကြည်နေပါတယ်။ ဒါပေမယ့် ပေါမာဆန်ကတော့ ယူနိုက်တက် ဟာ စပါးအသင်း တိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဦးစားပေး လှုပ်ရှားသင့်တယ် လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ကလည်း ကိန်းကို အတော် သဘောကျသူ ဖြစ်ပြီး ဒီနွေဈေးကွက် အစမှာတည်းက တောက်လျောက် ချိတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမယ့် တော့တင်ဟမ် စပါးအသင်းက သူတို့ ကြယ်ပွင့် ကစားသမားကို ပြောင်းရွှေ့ကြေးကြီး ပေးမှသာ ရောင်းမယ် လို့ ဈေးကိုင်နေတာကြောင့် နောက်ဆုတ်ခဲ့ရတာပါ။

ပေါမာဆန် က ” မန်ချက်စတာ ယူနိုက်တက်က ကိန်းကို ခေါ်ရမှာပါ။ ကိန်းကိုရရင် သူတို့ ပရီးမီးယားလိဂ် စိန်ခေါ်သူတွေ ဖြစ်ပြီ။ ကိန်းကို မရရင်တော့ အရင်အတိုင်း top-four နေရာ အတွက်ပဲ အဓိက ယှဉ်ပြိုင်နေရဦးမှာပဲ။ ” လို့ တွစ်တာကနေ ရေးသား သတိပေးသွားခဲ့ပါတယ်။

နွေဈေးကွက်အစမှာ ဈေးကိုင်ခဲ့တဲ့ စပါးအသင်းဟာ ကိန်းက နောက်ထပ် သက်တမ်းတိုး စာချုပ်ကို လက်မခံ တော့တာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် အင်္ဂလန်သားကို ရောင်းဖို့ စဉ်းစားနေရပြီ ဖြစ်ပါတယ်။