မာတီနက်ဇ်နဲ့ ကွင်းထဲမှာ ကွိုင်ခဲ့ပေမယ့် ပွဲပြီးမှာ ဘယ်လိုရှိကြောင်း ရီးရဲလ်ကြယ်ပွင့် ဘယ်လင်ဟမ် ဖွင့်ဟ

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ မန်ယူ နောက်ခံလူ မာတီနက်စ် ကွင်းအတွင်း ထိပ်တိုက်တွေ့ခဲ့ကြပေမယ့် မာတီနက်ဇ် အပေါ် သူ လေးစားစိတ် ရှိကြောင်း ထုတ်ပြောလာပါတယ်။

မာတီနက်စ်ရဲ့ အနည်းငယ် ကြမ်းတမ်းတဲ့ ဖြတ်လုမှုကို ဘယ်လင်ဟမ်က ဒေါသထွက်ခဲ့တာနဲ့အတူ နှစ်ဦးတား တွန်းထိုးမှုတွေ ရှိခဲ့တာပါ။ ဒါပေမယ့် ကွင်းထဲက ကိစ္စဟာ ကွင်းထဲမှာပဲ ကျန်ခဲ့ပြီး သူတို့ နှစ်ဦးဟာ ပွဲအပြီးမှာ အချင်းချင်း လေးစားစိတ် ပြသခဲ့တယ်လို့ ဘယ်လင်ဟမ်က ပြောပြပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘယ်လင်ဟမ်ကပဲ ‘ မာတီနက်စ်နဲ့ ခံစားချက်တွေ မကောင်းဖြစ်ခဲ့ကြတာကလည်း ကိစ္စတွေထဲက တစ်ခုပေါ့။ သူက ထူးချွန်တဲ့ ကစားသမားပါ။ ကျနော် တိုက်ခိုက်ရတာတွေ ရှိခဲ့ပေမယ့် လူစားလဲချိန်မှာ မာတီနက်စ်က ကျနော်ကို ကံကောင်းပါစေလို့ လာပြီး ဆုတောင်းပေးခဲ့ပါတယ်၊ ဒါကို ကျနော် လေးစားပါတယ်။

ကွင်းထဲက ကိစ္စက ကွင်းထဲမှာပဲ ကျန်ခဲ့ပြီဆိုတာ ကျနော် သိပါတယ်။ ပွဲအပြီး သူ့ကို တွေ့တော့ သူ့အတွက် ဆုတောင်းပေးလိုက်ပါသေးတယ်။ ကစားသမား နှစ်ဦးက ကိုယ့်အသင်းအနိုင်ရဖို့ ကွင်းထဲမှာ ကြိုးစားခဲ့ကြတာပါ။ ပွဲအပြီးမှာ နှစ်ဦးက အချင်းချင်း လေးစားမှု ရှိပါတယ်။

သူက ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ကျနော်လိုပဲ သူကိုယ်တိုင်ကလည်း အနိုင်ရချင်စိတ် ရှိပါတယ်။ တခါတလေတော့လည်း ပေါက်ကွဲကြတာတွေ ရှိတာပေါ့။ ဒါက ပွဲရဲ့ အစိတ်အပိုင်းပဲလေ။ ကျနော် တကယ်ကို လေးစားပါတယ်။ ပွဲအပြီးမှာတော့ အေးအေးဆေးဆေးပါပဲ ’ လို့ တုန့်ပြန်သွားပါတယ်။

ဘယ်လင်ဟမ်ဟာ အတိတ်တုန်းက မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်ခွင့်ရခဲ့ပေမယ့် ပုံမှန် ပွဲကစားခွင့်ရနိုင်မယ့် ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်ကွင်းလယ်လူဟာ ဒီနွေမှာတော့ ပေါင် ၁၁၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။