ရော်နယ်ဒို က ဘောလုံးထက် ငွေကို ဦးစားပေးလို့ ဆော်ဒီကို သွားတာ ဆိုတဲ့ သရဲနီ တိုက်စစ်မှုးဟောင်း
ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာအသင်းထံ ဘောလုံးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် မြင့်မားတဲ့ လုပ်ခနှုန်းထားဖြင့် ပြောင်းရွှေ့ကစားခဲ့တဲ့ ဝါရင့်တိုက်စစ်မှုး ရော်နယ်ဒို ဟာ ငွေမျက်နှာကြောင့် ဆော်ဒီကို ရွေးခဲ့တာလို့ စွပ်စွဲဝေဖန်မှု တစ်ခု ထွက်ပေါ်လာပါတယ်။
ထိုစကားကိုတော့ မန်ချက်စတာယူနိုက်တက် အသင်းတွင် အငှားကစားခဲ့ဖူးသလို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို စောစီးစွာရောက်နေခဲ့တဲ့ အီဂါလိုက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာယူနိုက်တက်အသင်းတွင် အခက်အခဲအချို့နဲ့ ကြုံတွေ့ခဲ့ရပြီး ဆော်ဒီမြေကို အခြေချရန် ရွေးချယ်ခဲ့တဲ့ အသက် ၃၈နှစ်အရွယ် ရော်နယ်ဒိုအနေဖြင့် တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ အထိ ရနေတာ ဖြစ်ပါတယ်။
ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားတွေရဲ့ ဆော်ဒီမြေကို အပြိုင်အဆိုင်ပြောင်းရွှေ့ နေကြတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ မြင့်မားတဲ့ လုပ်ခနှုန်းထားပမာဏဖြင့် ဆော်ဒီမြေကို ရောက်လာခဲ့တဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်မှုး ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အီဂါလိုက ခုလို ပြောဆိုခဲ့တာပါ။
“ခင်ဗျားအနေနဲ့ ငယ်ရွယ်သေးတဲ့ အချိန်မှာဆိုရင် ဘောလုံးအပေါ်မှာ စိတ်နှစ်ပြီး ကစားသွားရမှာပါ။ ပိုက်ဆံနောက် ကိုချည်း လိုက်နေလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်လို ကစားသမားဘဝ ၁နှစ်လား/၂နှစ်လားတောင်မှ မရေရာတဲ့ ကစားသမားအတွက် ဆိုရင်က တစ်မျိုးပေါ့ဗျာ”
“ရော်နယ်ဒိုကလည်း ဒီအတိုင်းပါပဲ။ ကျွန်တော့် ကစားသမားဘဝတစ်လျှောက်လုံး ရခဲ့တာထက်တောင် ဒီမှာ ရော်နယ်ဒိုက အဆ တစ်ရာမက ရနေတာပါ။ ဘောလုံးထက် ငွေကြေးကို ဦးစားပေးလို့သာ သူလည်း ဆော်ဒီကို ရောက်လာခဲ့တာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒိုကို ထုတ်ပယ်ခဲ့အပြီးမှာ နယ်သာလန် တိုက်စစ်ကစားသမားဖြစ်တဲ့ ဝက်ဂ်ဟော့စ်ကို ၆လစာ အငှားခေါ်ယူထားခဲ့ပေမဲ့ ရာသီကုန်တွင် အပြီးမဝယ်ယူခဲ့ဘဲ နည်းပြ စိတ်ကြိုက်ကစားသမား တစ်ဦးကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
နည်းပြ တန်ဟတ်အနေဖြင့် တိုက်စစ်ပိုင်းအတွင် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ကနဦးပစ်မှတ်ထားခဲ့ပေမဲ့ ဥက္ကဌဒန်နီယယ်လ် လီဗိုင်းရဲ့ ဈေးကိုင်မှုကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့ဘဲ အတ္တလန်တာအသင်းရဲ့ ဒိန်းမက်တိုက်စစ်ကစားသမား ဟွိုက်လန်းကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။