မန်ချက်စတာ ယူနိုက်တက် ကို ရောင်းပေးပါတော့ လို့ ရှေ့ထွက် တောင်းဆိုပေးလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် ဂလေဇာမိသားစု ဟာ ပရိသတ်များရဲ့ ထောက်ခံမှုကျဆင်းခဲ့ပြီး အသင်းကို ရောင်းထုတ်မယ်ဆိုပြီး သတင်းတွေ လွှင့်ခဲ့တာ ၈ လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ယခုထိတော့ ကမ်းလှမ်းမှုများကို ငြင်းဆန်နေဆဲဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းရှိ ကာတာ ဘီလီယံနာ ရှိတ် ဂျာဆင်းနဲ့ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင် ဂျင် ရတ်ကလစ်တို့က မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရှိတ် ဂျာဆင်းဟာ ၆ ဘီလီယံ ပမာဏထိ ကမ်းလှမ်းခဲ့ပေမယ့် ဂလေဇာမိသားစုကတော့ နည်းမျိုးစုံဖြင့် ငြင်းဆန်နေပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

သရဲနီ ဂန္တဝင်ဟောင်းဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းကတော့ ပိုင်ရှင် ဂလေဇာ မိသားစု အနေနဲ့ အသင်းကို ရောင်းချပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
” မန်ချက်စတာ ယူနိုက်တက်ကို ချစ်တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ကော ကစားသမားဟောင်းတစ်ယောက်အနေနဲ့ပါ တိုက်တွန်းသတိပေးချင်တာကတော့ ဂလေဇာ မိသားစုဟာ ပရိသတ်ရဲ့ ယုံကြည်မှုနဲ့ ထောက်ခံအားပေးမှု ဆုံးရှုံးခဲ့ပါပြီ။
ပိုင်ရှင်အပြောင်းအလဲပြုလုပ်မှ ယူနိုက်တအနာဂတ်ဟာ ကောင်းမွန်မှာ ဖြစ်လို့ သူတို့ရောင်းချဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ လိုအပ်နေပါတယ်။ လက်ရှိမှာ ဂလေဇာမိသားစုဟာ ပရိသတ်ရဲ့ ယုံကြည်မှုကို ပြန်ရဖို့ မလွယ်တော့ပါဘူး။
“အသင်းတခုရဲ့ ပိုင်ရှင်ဟာ အသင်းအပေါ် စိတ်နှစ်ပြီး အသင်းတိုးတက်ဖို့ကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သင့်တော်တဲ့ ကစားသမားတွေ ခေါ်ယူပြီး ရင်းနှီးမြှပ်နှံပေးရပါမယ်။ အနီးစပ်ဆုံး မန်ချက်စတာစီးတီးအသင်းကို ကြည့်ပါ။ အသင်း အတွက် ဘယ်လိုအလုပ်လုပ်သွားလဲဆိုတာ သိနိုင်ပါတယ်” လို့ The Athletic နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
အင်တာမီယာမီအသင်းကို ဝယ်ယူခဲ့သလို မန်ယူနိုက်တက်အသင်းကိုလည်း ဝယ်ယူဖို့ သို့မဟုတ် အစုရှယ်ယာဝင်အဖြစ် ပါဝင်ဖို့ အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းကိုတော့ ဘက်ခမ်းက –
” ကျွန်တော့်အနေနဲ့ လက်ရှိတော့ အစီအစဉ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပတ်သတ်တဲ့အရာ တခုခုမှာ ပါဝင်နိုင်ခဲ့ရင် ကျွန်တော့်အတွက် ကမ္ဘာကြီးမှာ အဓိပ္ပါယ်ရှိတဲ့အရာ ဖြစ်လာစေမှာပါ။ ဒါပေမယ့် လာမယ့် ရက်သတ္တပတ် အနည်းငယ် နဲ့ လပိုင်း အတွင်းမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မြင်တွေ့ရမယ့်အရာတွေကို ဘယ်သူ က သိနိုင်မလဲ။
လက်ရှိတော့ ကျွန်တော်ဟာ မီယာမီ အသင်းပိုင်ရှင် ဖြစ်တဲ့အတွက် မီယာမီအသင်းအတွက်ပဲ ရင်းနှီးမြှုပ်နှံမှုတွေ အာရုံစိုက် လုပ်ဆောင်သွားမှာပါ” မယုတ်မလွန် ပြောကြားသွားခဲ့ပါတယ်။