ဟွိုင်လန်း အင်္ဂလန် ရောက်နေပြီ၊ မန်ယူနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုလည်း ရပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူရေး ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က ယူရို သန်း ၅၀ + ယူရို ၁၀ သန်းပေးမယ်လို့ နှုတ်အားဖြင့် အရင် ကမ်းလှမ်းခဲ့ပြီး ပီအက်စ်ဂျီကလည်း တစ်ကြိမ်တည်းသော ကြိုးစားမှုအဖြစ် ယူရို သန်း ၅၀ ရရင် ခေါ်မယ်၊ မရရင် နောက်ဆုတ်မယ်ဆိုကာ ကြားဝင်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့် ယူနိုက်တက်ဘက်က သေသေချာချာ ကမ်းလှမ်းလာမှုနဲ့ အတူ အခုလို သဘောတူညီမှု ရရှိလာခဲ့တာပါ။
အသက် ၂၀ အရွယ် တိုက်စစ်မှူးအတွက် မန်ယူက ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ပေးမှာဖြစ်ပြီး စွမ်းဆောင်ရည် အလိုက် ထပ်တိုးကြေး ယူရို ၁၀ သန်း ထပ်ပေးမှာပါ။
အတ္တလန်တာဘက်က ယူရို သန်း ၁၀၀ ထိ အလိုရှိခဲ့ပေမယ့် ယူရို ၈၅ သန်းမှာ ဈေးတည့်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဟွိုင်လန်းဟာ အတ္တလန်တာ အသင်းနဲ့ အတူ ခြေစမ်းပွဲ ကစားဖို့ အင်္ဂလန်သို့ လိုက်လာခဲ့ပေမယ့် ပွဲမှာ ပါဝင် ကစားခြင်း မရှိဘဲ အပြောင်းအရွှေ့ အပြီးသတ်ဖို့ စောင့်ဆိုင်းနေပါတယ်။
ဒီလ အစောတည်းက ယူနိုက်တက်နဲ့ ဟွိုင်လန်းတို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့ပြီးဖြစ်ကာ ၅ နှစ်စာချုပ် ချုပ်ဆိုကြပါမယ်။ ဒါ့အပြင် ယူနိုက်တက်ဘက်က အလိုရှိရင် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။
ဒီနွေမှာ မေဆန်မောင့်နဲ့ အိုနာနာတို့ ၂ ဦး ခေါ်ယူထားပြီဖြစ်တဲ့ ယူနိုက်တက်ဟာ နည်းပြတန်ဟက် အလိုရှိနေတဲ့ နံပါတ် ၉ တိုက်စစ်မှူးသစ်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။