သန်း ၃ဝ ကျော် အရှုံးခံပြီး ဗန်ဒီဘိခ်ကို ရောင်းထုတ်ဖို့ မန်ချက်စတာ ယူနိုက်တက် ဆွေးနွေးနေ
မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို လာလီဂါကလပ် ရီးရဲလ် ဆိုစီဒက်စ် အသင်းက တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ဖို့ ညိနှိုင်းနေပြီ ဖြစ်ပါတယ်။
ရာသီကြိုပွဲစဉ်အဖြစ် လိုင်ယွန်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ တစ်လုံးတည်းသော သွင်းဂိုးကို ရယူခဲ့တဲ့ ဗန်ဒီဘိခ် ဟာ ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေအတွင်း မကြာခဏ ဒဏ်ရာရနေခဲ့သူ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဇန်နဝါရီမှာတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ခံစားရခြင်းနဲ့အတူ ဘောလုံးရာသီဝက် တစ်ခုလုံး အနားယူနေခဲ့ရပါတယ်။ အိုးထရတ်ဖိုဒ့်မှာ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ကွင်းလယ်လူက ပုံမှန် ပွဲကစားခွင့်အတွက် မန်ချက်စတာ ယူနိုက်တက် ကို စွန့်ခွာဖို့ စဉ်းစားနေပါတယ်။
ဆိုစီဒက်စ်ဘက်ကတော့ ဗန်ဒီဘိခ်ကို အငှားခေါ်ယူပြီး ရာသီကုန်ရင် ပေါင် ၈ သန်းဖြင့် အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀ မှာ ယူနိုက်တက်ကို ပေါင် သန်း ၄၀ ဖြင့် ရောက်လာခဲ့တဲ့ ကွင်းလယ်လူ အတွက် အတော်လေး နည်းပါးတဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်ကတော့ အစားထိုးစရာ ကစားသမား အရင်ဆုံး ခေါ်ယူပြီးမှ ဗန်ဒီဘိခ်ကို လက်လွတ်လိုပါတယ်။ ဒီနွေမှာတော့ ယူနိုက်တက်ဟာ ဖရတ်၊ တော်မီနေးတို့လို ကွင်းလယ်လူတွေကိုပါ လက်လွတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။