မိုင်နူးကြောင့် ဆက်ရှိမယ့် တော်မီနေး၊ သတိပေးခံရတဲ့ ရက်ဖို့ဒ်၊ ပျော်ခဲ့ရတဲ့ ဆာဘစ်ဇာ နဲ့ နောက်ဆုံးရ မန်ယူ သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား နက်သန် ဘီရှော့ဟာ အသင်းကနေ အပြီး ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။
နည်းပြ တန်ဟက်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ရက်ဖို့ဒ်အား နောက်ရာသီ မှာ ဘောလုံးရာသီကောင်း ပိုင်ဆိုင်မယ်လို့ အာမခံချက် မရှိတာ သတိပေးလိုက်ပြီး အပြင် လူမှုဘဝ၊ ပရဟိတတွေနဲ့ အသင်း အပေါ် အားထုတ်မှု ဟန်ချက်ညီအောင် ထိန်းဖို့ ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် လူငယ်ကြယ်ပွင့် မိုင်နူး ဒဏ်ရာက ဘောလုံးရာသီ ပထမ တဝက်လုံး လွဲချော်ဖွယ် ရှိတာကြောင့် တော်မီနေးရဲ့ အိုးထရက်ဖို့ဒ်က ထွက်ခွာဖို့ အခြေအနေကလည်း အပြောင်းအလဲ ဖြစ်လာဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူရေး ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် တိုက်စစ်မှူးအတွက် မန်ယူက ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ပေးမှာဖြစ်ပြီး စွမ်းဆောင်ရည် အလိုက် ထပ်တိုးကြေး ယူရို ၁၀ သန်း ထပ်ပေးမှာပါ။
ကွင်းလယ်လူဟောင်း ဆာဗစ်ဇာ က ယူနိုက်တက် ကစားသမားဘဝ အချိန်တိုလေးက သူ့ရဲ့ ယုံကြည်ချက်တွေကို ကောင်းမွန်စေခဲ့ကြောင်း ၊ ဒီအခိုက်အတန့်တွေအကြောင်းတွေးမိပြီး နေ့စဉ်နေ့တိုင်း ပြုံးပျော်ရွှင်ခဲ့ရကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
ဆာဘစ်ဇာဟာ မန်ယူကနေ အငှား ပြန်လာပြီးနောက် မကြာသေးခင်က ဘိုင်ယန် မြူးနစ် အသင်းမှ ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။