အကောင်းမြင်စရာထက် လိုအပ်ချက်တွေ ပိုများခဲ့တဲ့ ဒီမနက် မန်ယူ ၂-၃ ဒေါ့မွန် ခြေစမ်းပွဲ အကြောင်း
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့မနက် ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ရာမှာ ၂-၃ ဖြင့် အရေးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဒုတိယပိုင်းမှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းသွားခဲ့ပါတယ်။
အရင် အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရင်ဆိုင်ရာမှာ ပါဝင်ခဲ့တဲ့ ဂနာချိုနဲ့ ဗာရန်းတို့ကတော့ ဒီပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝလို့ မပါနိုင်ခဲ့ပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဲ့ဒီအစား တိုက်စစ်မှာ လူငယ်ကစားသမား ဖော်ဆန်နဲ့ ခံစစ်မှာ မက်ဂွဲရားတို့ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ ဒါလော့က တိုက်စစ်လိုက်ပါချိန် ကွင်းလယ်ထိ တက်ကစားခဲ့ပါတယ်။ အဖွင့်ဂိုးကို ဒါလော့ကပဲ ဧရိယာထိပ်ကနေ အပြင်း ကန်သွင်းခဲ့တာပါ။
သိပ်မကြာခင် ယူနိုက်တက်ရဲ့ ဖော်ဆန်နဲ့ ဒေါ့မန်ရဲ့ အာဒယ်ရာမီတို့ ကွင်းတွင်း ထိပ်တိုက်တွေ့မှုမှာ နှစ်ယောက်လုံး အဝါကတ် မိခဲ့ပြီး တန်ဟက်က ဖော်ဆန်ကို ချက်ချင်းပဲ လူစားလဲခဲ့တယ်။ တန်ဟက်က သူ့စိတ်ကြိုက် အပြုအမှုမျိုး မဟုတ်ရင် သိပ်ပြီး အားမနာတတ်တဲ့ နည်းပြဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က ဖရိုဖရဲ ကစားနေတာမို့ ပထမပိုင်း ပြီးခါနီးတွေမှာ ဒေါ့မွန်က ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန် ယူသွားပါတယ်။ ဂိုးပေးရခြင်းအတွက် ယူနိုက်တက်ဘက်က ဂိုးသမား ဟီတန်နဲ့ ခံစစ်သမား ဝီလီယမ်တို့ ကွင်းထဲ တစ်ယောက်နဲ့တစ်ယောက် တင်းမာနေခဲ့ကြပါသေးတယ်။
ဒုတိယပိုင်း စတင်လာပြီး သိပ်မကြာခင် ဧရိယာထိပ်နား ရှုပ်နေတဲ့ အခြေအနေက တစ်ဆင့် အန်တိုနီက ခြေပဂိုး ရယူပါတယ်။ မိနစ် ၆၀ လောက်မှာ ရက်ဖိုဒ့်၊ ကာဆီမီရိုတို့လို ကစားသမားတွေ ဝင်လာပါတယ်။ မိနစ် ၇၀ လောက်မှာတော့ ယူနိုက်တက် ခံစစ်ရဲ့ နားလည်မှု အလွဲတွေကနေ ဒေါ့မွန်ဘက်က တတိယ ဦးဆောင်ဂိုး ရခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက် ဂိုးသမားတွေနဲ့ ခံစစ်သမားတွေကြား နားလည်မှု မပြည့်ဝခြင်းတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။ တိုက်စစ်သမားတွေဖြစ်တဲ့ ရက်ဖိုဒ့်နဲ့ အန်တိုနီတို့ နွမ်းနယ်နေသလို ဘစ်ဆာကာရဲ့ ခြေစွမ်းက တိုးတက်မလာပါဘူး။ ဒီပွဲမှာတော့ အကောင်းမြင်စရာထက် လိုအပ်ချက်တွေ ပိုများခဲ့ပါတယ်။