လာမယ့် ရာသီမှာ မန်ယူက ပြိုင်ပွဲစုံမှာ ဖလား အကုန်သိမ်းဖို့ ရည်မှန်းထားကြောင်း ဖော်ထုတ်မှု
လာမယ့် ၂၀၂၃-၂၄ ဘောလုံး ရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ပွဲအားလုံး အနိုင်ယူပြီး ဖလားစုံ ဆွတ်ခူးဖို့ ကြီးမားတဲ့ ရည်မှန်းချက် ထားရှိတဲ့ အကြောင်းကို နောက်ခံလူ လုခ်ရှောက ပြောပြခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ ယုံကြည်မှုရှိနေကြပြီး မနှစ်က ရာသီမှာ အထူးသဖြင့် အက်ဖ်အေ ဖလား ဖိုင်နယ်ရှုံးပွဲလိုမျိုး အဟန့်အတားတွေကနေ တိုးတက်လာအောင်လုပ်ချင်တဲ့ ဆန္ဒပြင်းပြနေတဲ့အကြောင်း ရှောက အလေးအနက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းအပေါ် အသင်းရဲ့ ယုံကြည်မှုနဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို နောက်ခံလူ ရှော က အသိပေးခဲ့တာပါ။
“ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေတယ်ထင်ပါတယ်။ မနှစ်က အက်ဖ်အေဖလားဖိုင်နယ်မှာရှုံးပြီး စိတ်ပျက်စရာနဲ့ ရာသီသိမ်းလိုက်ရတဲ့နောက် ဒီရာသီမှာ တိုးတက်အောင်လုပ်ရမှာတွေ အများကြီးရှိတယ်။ ရာသီအစကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ ကျွန်တော်တို့ပါဝင်တဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ ဖြစ်မှာပါ။
ကျွန်တော်တို့အသင်းကို နောက်ထပ် အင်အားတွေဆက်ဖြည့်နေမယ်ဆိုရင် ဘာလို့ မဖြစ်နိုင်ရမှာလဲဆိုပြီး ခံစားမိတယ်”လို့ ရှောက ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြည်တွင်းဆုဖလားများသာမက ပြည်ပဆုဖလားများကိုပါ ပစ်မှတ်ထားနေပြီဖြစ်တာကြောင့် ပြိုင်ပွဲတိုင်းကို စိန်ခေါ်နိုင်ဖို့ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ တန်ကြေးမြင့် ကစားသမားသစ်များခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့ရာသီကထက်ပိုမိုအောင်မြင်မှုရရှိနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အတ္တလန္တာကြယ်ပွင့် တိုက်စစ်မှုါ် ဟွိုက်လန်းကို အပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်သလို ယခုနွေရာသီ မကုန်ဆုံးခင် နောက်ထပ်ကစားသမားဖြည့်တင်းမှုအဖြစ် ဖီအိုရင်တီးနားနဲ့ မော်ရိုကိုကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။