မောင့်ကို ထူးဆန်းနေခြင်း၊ ချီးကျူးခံရတဲ့ အိုနာနာ၊ အမ်မရာဘတ်၊ ဆုံးဖြတ်ချက်စောင့်နေတဲ့ ဂရင်းဝုဒ်နဲ့ နောက်ဆုံးထွက် မန်ယူ သတင်းများ

မန်ယူအသင်း တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ အသင်းမှ ထွက်ခွါလိုခြင်း မရှိပဲ အသင်းတာဝန်ရှိသူတွေရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းနောက်ခံကစားသမား လုခ်ရှောကတော့ ယခင် ချယ်ဆီး ကစားသမား မေဆန်မောင့်ကို အသင်းမှာ ယခုလို အတူတကွ မြင်တွေ့ နေရတာ အနည်းငယ် ထူးဆန်းသလို ခံစားနေရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုခ်ရှောက လာမယ့် ၂၀၂၃-၂၄ ရာသီမှာ အသင်းဟာ ပြိုင်ပွဲတိုင်းကို အနိုင်ရ ဖလားတွေယူဖို့ ရည်မှန်းချက်ကြီးကြီးမားမားရှိနေကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ ၎င်းတို့ရဲ့ ဂိုးသမားသစ် အိုနာနာဟာ အသင်းရဲ့ ပွဲစဉ်အနေအထားကို ပြောင်းလဲပေးနိုင်သူ တစ်ယောက်ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ယူအသင်း တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကတော့ နည်းပြ တန်ဟတ်ဂ် ရောက်မလာခင် အချိန်တုန်းက အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း ပစ်မှတ် ဖီအိုရင်တီးနား ကွင်းလယ်ကစားသမား အမ်မရာဘတ်တစ်ယောက် အိုးထရတ်ဖို့ဒ်ကို ပြောင်းရွှေ့ လာဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

မန်ယူအသင်း ပရိသတ်တွေဟာ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ကြန့်ကြာနေမှုအပေါ် အလွန် စိတ်ဆိုး ဒေါသထွက်နေကြပြီး လက်ရှိ ထွက်ပေါ်ထားတဲ့ သတင်းများအရ ပိုင်ရှင်သစ်ထံ လက်လွှဲပေးဖို့ အချိန် ၁၈ လခန့် ထပ်မံလိုအပ်နေသေးကြောင်း သိရပါတယ်။