မန်ယူ ကို နောက်ပို့ထားတဲ့ စူပါကွန်ပျူတာရဲ့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ခန့်မှန်းဇယား အပြည့်အစုံ

စူပါကွန်ပျူတာဟာ လာမယ့် ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီတွင် ကလပ်အသင်းတွေ ဘယ်လို ရပ်တည်ပြီး အဆုံးသတ် လာမယ်ဆိုတာ ဟောကိန်းထုတ်လာပါတယ်။

စူပါကွန်ပျူတာဟာ အသင်းရဲ့ ကစားသမားဝယ်ယူအားဖြည့်ထားမှု၊ ပွဲစဉ်ပြက္ခဒိန်၊ ရရှိနိုင်တဲ့ ဂိုးပမာဏ၊ ရရှိနိုင်တဲ့ ပေးဂိုးပမာဏတို့အပေါ် မူတည်ပြီး ဟောကိန်းထုတ်လာတာလည်း ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

Bettingexpert ရဲ့ စူပါကွန်ပျူတာ က လာမယ့် ၂၀၂၃-၂၄ ရာသီတွင်လည်း လက်ရှိချန်ပီယံ မန်စီးတီးပင် ချန်ပီယံဘွဲ့ကို ဆက်ထိန်းလာမယ်လို့ ဆိုပြီး မန်ချက်စတာ ယူနိုက်တက်ကိုတော့ အဆင့် ၄ နဲ့ပဲ ရာသီ သိမ်းမယ် ဟောကိန်းထုတ်သွားပါတယ်။

စူပါကွန်ပျူတာက မန်စီးတီးကို ၈၆.၆ မှတ်နဲ့ ချန်ပီယံဖြစ်လာမယ်လို့ ဆိုသွားပါတယ်။ ဒါ့အပြင် စူပါကွန်ပျူတာက အာဆင်နယ်ကို အဆင့် ၂၊ လီဗာပူးက အဆင့် ၃ နှင့် ယူနိုက်တက်က အဆင့် ၄ အသီးသီးရပ်တည်လာမယ်လို့ ဆိုသွားပါတယ်။

စူပါကွန်ပျူတာက နော်တင်ဟမ်ဖောရက်စ်နှင့် တန်းတက်များဖြစ်ကြတဲ့ ရှက်ဖီးလ်ယူနိုက်တက်၊ လူတန်တို့ကို တန်းပြန်ဆင်းရမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။

စူပါကွန်ပျူတာ ဖော်ပြသွားတဲ့ ရမှတ်နဲ့ အမှတ်ပေးဇယား အပြည့်အစုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1. Manchester City (86.6 points)
2. Arsenal (77.5 points)
3. Liverpool (76.1 points)
4. Manchester United (73.3 points)
5. Newcastle (68.3 points)
6. Chelsea (67.8 points)
7. Tottenham (62.2 points)
8. Brighton (58.1 points)
9. Aston Villa (56.5 points)
10. West Ham (47.3 points)
11. Brentford (46.0 points)
12. Crystal Palace (43.0 points)
13. Fulham (40.3 points)
14. Burnley (39.3 points)
15. Everton (38.7 points)
16. Wolves (38.5 points)
17. Bournemouth (37.2 points)
18. Nottingham Forest (36.2 points)
19. Sheffield United (31.7 points)
20. Luton (30.5 points)