လာမယ့် ရာသီမှာ ဘယ်နှဂိုးထိ သွင်းမလဲ ကြိုတင် ကြုံးဝါးလိုက်တဲ့ မန်ယူတိုက်စစ်မှုး မားကပ် ရပ်ရှ်ဖို့ဒ်
မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်က လာမယ့် ဘောလုံးရာသီသစ်မှာ ပြီးခဲ့တဲ့ ရာသီကထက် ဂိုးတွေ ပိုမို သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်နေမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၃၀)အထိ သွင်းယူထားနိုင်ပေမယ့် အခု ၂၀၂၃-၂၀၂၄ ရာသီမှာတော့ ပြီးခဲ့တဲ့ ရာသီထက် ဂိုးတွေ ပိုမို သွင်းယူနိုင်လိမ့်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

“ပြီးခဲ့တဲ့ ဘောလုံးရာသီ မစတင်ခင်က ဂိုး (၂၀)လောက်အထိပဲ သွင်းယူမယ်လို့ ရည်မှန်းခဲ့ဖူးပါတယ်။ ဒီကိန်းဂဏန်းက တောင်ပံ ကစားသမားတစ်ဦးအတွက် ဂိုးစံချိန်ကောင်းတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော် ဂိုး (၃၀) သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် ရာသီပြီးဆုံးခါနီးမှာ ဒဏ်ရာတွေ ရသွားခဲ့လို့ ကျွန်တော့် စွမ်းဆောင်ရည်တွေပါ ကျဆင်းသွားခဲ့ရတယ်။”
“ကျွန်တော်သာ အခြေအနေကောင်းတစ်ရပ်မှာ ရှိနေမယ်ဆိုရင်တော့ (၃၅)ဂိုး ဂိုး(၄၀)လောက်အထိ သွင်းယူနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် အခုရာသီမှာ ဂိုးတွေ ထပ်သွင်းယူနိုင်အောင် ကြိုးစားသွားမှာပါ” လို့ ရပ်ရှ်ဖို့ဒ်က ပြောကြား သွားခဲ့ပါတယ်။
အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မကြာသေးခင်ကမှ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူဖြစ်ပြီး နည်းပြ တန်ဟက်ဂ် လက်ထက်မှာ သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် ရရှိလာခဲ့တာကြောင့် ယူနိုက်တက်နဲ့ ဆက်လက် လက်တွဲဖြစ်ရတာလို့ ဝန်ခံထားခဲ့ပါသေးတယ်။
လာမယ့် ဘောလုံးရာသီသစ်မှာတော့ ယူနိုက်တက်က အထောင် တိုက်စစ်နေရာအတွက် ရက်စမတ် ဟွိုင်လန်းကို ရပ်ရှ်ဖို့ဒ်အနေနဲ့ သူကစားချင်တဲ့ ဘယ်တောင်ပံ နေရာမှာ အေးဆေး ကစားနိုင်ပြီဖြစ်ပြီး တိုက်စစ် ဘယ်ခြမ်းကနေ အသင်းအတွက် ဘယ်လောက် အကျိုးပြုနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။