ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့်ကို ချိန်ရွယ်လာတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ စာချုပ်ကိစ္စကြောင့် ရီးရဲလ်မက်ဒရစ် အသင်းတွင် ပွဲထွက်ကစားခွင့် မရေမရာဖြစ်လာတဲ့ ကွင်းလယ်ကစားသမား ချူအာမန်နီကို ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်နဲ့ အပြိုင် ခေါ်ယူရန် ကြိုစားလုပ်ဆောင်လာနိုင်ခြေ ရှိနေပါတယ်။
တယ်လီဂရပ်ဖ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် ရှေ့လာမယ့် ဘောလုံးရာသီအတွက် အဓိက ပြင်ဆင်မှုလုပ်ဆောင်ရန် ကြိုးစားတဲ့ နေရာမှာ ပစ်မှတ်ကစားသမား တွေဖြစ်တဲ့ ချဲလ်ဆီးမှ စတား မေဆင်မောင့်အပြင် အင်တာမှ ဂိုးသမား အိုနာနာနဲ့ အတ္တလန္တာအသင်းမှ ဒိန်းမက်တိုက်စစ်မှုး ဟွိုက်လန်းတို့အား ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မေဆန်မောင့်အတွက် ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀အထက်မှာ တောင်းဆိုထားချိန် ကလပ်အသင်းပိုင်ရှင် အကူးအပြောင်း မရေရာသေးတဲ့ ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်းသာ ပေးကာ ခေါ်ယူခွင့်ရခဲ့ပေမဲ့ ကစားသမားက ထိပ်တန်းအဆင့် ခြေစွမ်းမပြနိုင်သေးတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက နည်းပြ တန်ဟတ်ရဲ့ အစီအစဉ်ဖြင့် အဓိက ကစားသမားအချို့ကို ရောင်းချရန် ပြင်ဆင်နေသလို ကစားကွက်တွင် အံဝင်နိုင်မယ့် ကစားသမားအချို့ကို ခေါ်ယူရန် ချိတ်ဆက်လုပ်ဆောင်နေချိန်မှာ ဂန္ဓဝင်ကစားသမား ဖာဒီနန်ကပါ ကွင်းလယ်ပိုင်းအတွက် ကစားအား မာကျောတဲ့ ပြင်သစ်ကွင်းလယ်လူကို ခေါ်ယူရန် တိုက်တွန်းအကြံပေး ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်တွင် လူအင်အားပိုလျှံနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ချူအာမန်နီကို စိတ်ဝင်စားနေချိန် ယူနိုက်တက်အသင်းကပါ ခြေဦးလှည့်လာတာကြောင့် ကစားသမားရဲ့ အနာဂတ်အခြေအနေကို စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။