ဟွိုင်လန်း က မန်ချက်စတာ ယူနိုက်တက် အတွက် ဘာတွေ ယူလာပေးနိုင်သလဲ ဖော်ထုတ်လာတဲ့ နည်းပြ တန်ဟက်

မန်ယူ နည်းပြ အဲရစ်တန်ဟက်က အသစ်ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး ရာစမတ် ဟွိုင်လန်း ဟာ လာမယ့် လတွေ အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံသို့ ဘာတွေ ယူဆောင်လာမယ်ဆိုတာ ရှင်းလင်းပြောကြားလာပါတယ်။

အသက် ၂၀ အရွယ် ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် လန်းစ်နှင့် ကစားတဲ့ နောက်ဆုံး ရာသီကြိုခြေစမ်းပွဲမတိုင်မီ ယူနိုက်တက်ကစားသမားအဖြစ် မိတ်ဆက်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အားပေးလာခဲ့တဲ့ ဟွိုင်လန်းဟာ လန်းစ်နဲ့ ခြေစမ်းပွဲ ကို ပွဲကြည့်စင်မှ ကြည့်ရှုခဲ့ပါတယ်။ ထိုပွဲမှာ မန်ယူက ရက်ဖို့ဒ်၊ အန်တိုနီ၊ ကက်စ်မီရိုတို့ရဲ့ ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟက်က ယူနိုက်တက်အတွက် ဟွိုင်လန်း ဘာတွေ ယူဆောင်လာမယ်ဆိုတာ အခုလို ပြောကြားလာပါတယ်။

တန်ဟက်က “သူက တကယ့်ကို ရှေ့တန်းတိုက်စစ်သမားတစ်ဦးပါ။ ဂိုးနဲ့ တိုက်ရိုက်ကစားတဲ့သူပါ။ ကြံ့ခိုင်မှု ကောင်းတယ်။ ဘောလုံးပေးတာလည်း ကောင်းတယ်။

ကျွန်တော်တို့လိုအပ်နေတဲ့ အသင်းဟန်ချက်ညီအောင် လုပ်နိုင်တယ်လို့ ထင်တယ်။ တိုက်ရိုက်ကစားသမားတစ်ဦးဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ တွဲလိုက်ရင် ဂိုးတွေအများကြီး သွင်းလာနိုင်မယ်။ သူ့စိတ်ထဲမှာလည်း ဒါပဲ ရှိတယ်။ သူက ဂိုးတွေ အများကြီး သွင်းချင်တယ်”လို့ ပြောကြားသွားပါတယ်။