မန်ယူမှာ ကျောနံပါတ် ရဖို့ စောင့်ဆိုင်းရဦးမယ့် ဟွိုင်လန်းနဲ့ ဖြစ်နိုင်ဖွယ် သတင်းထွက်နေတဲ့ နံပါတ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် ရာစမတ်စ် ဟွိုင်လန်းအနေဖြင့် ယူနိုက်တက်တွင် ကျောနံပါတ် ရရှိရေးအတွက် စောင့်ဆိုင်းရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ အတ္တလန္တာမှ ယူနိုက်တက်သို့ ပေါင် ၇၂ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် စနေနေ့တုန်းက လန်းစ်နှင့် ခြေစမ်းပွဲ မတိုင်မီ မိတ်ဆက်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ အဲရစ်တန်ဟက်ဟာ ယခုနွေရာသီတွင် အလယ်တန်းကစားသမားတစ်ဦးကို ခေါ်ယူလိုနေသေးတဲ့အပြင် ဟယ်ရီ မက်ဂွိုင်းယား၊ အဲရစ်ဘိုင်လီ၊ ဖရက်၊ စကော့မက်တိုမီနေးတို့ကို ရောင်းချလာနိုင်ပါသေးတယ်။
နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုကတော့ ဟွိုင်လန်း ဟာ ဖရက်ချန်ထားခဲ့မယ့် နံပါတ် ( ၁၇ ) ကို ယူဖို့ များတယ်လို့ သုံးသပ် ပြောဆိုထားပါတယ်။
နည်းပြ အဲရစ်တန်ဟက်ဟာ အလယ်တန်းနေရာတွင် ဖီအိုရင်တီးနားမှ မော်ရိုကို ကွင်းလယ်ကစားသမား အမာရာဘတ်ကို ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ အပြောင်းအလဲများစွာ ရှိနေသေးမှုနှင့်အတူ ဟွိုင်လန်းအား ကျောနံပါတ် အလျှင် စလို မပေးတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဟွိုင်လန်းမှာလည်း အတ္တလန္တာအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းစဉ် ဒဏ်ရာရရှိခဲ့တာကြောင့် ယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ ပွဲကို လွဲချော်လာနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။