မက်ဆီကို ဆေးကုပေးလိုက် အာဂျင်တီးနားက ခေါ်လိုက် ဖြစ်နေတာကို ဒေါကန်လာတဲ့ PSG
အာဂျင်တီးနားအသင်းဟာ ဒီလထဲ ဘရာဇီးလ်၊ ဥရုဂွေးတို့နဲ့ကစားရမယ့် ပွဲစဉ်တွေအတွက် မက်ဆီကို ရွေးချယ်ခေါ်ယူခဲ့တဲ့အပေါ်မှာ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာလီယိုနာဒိုက ဒေါသထွက်နေခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ပီအက်စ်ဂျီ အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး ဒူးဒဏ်ရာနဲ့ တံကောက်ကြော ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။
မက်ဆီ က အသင်းခေါင်းဆောင်ဖြစ်ပြီး ဒီနှစ်ထဲမှာ လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနေတာကြောင့် အာဂျင်တီးနားကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့စာချုပ်ထဲမှာ ကလပ်အသင်းထက် နိုင်ငံအသင်းကိုဦးစားပေးမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ထားပေမယ့် လီယိုနာဒိုကတော့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး တော်တော်လေး ပေါက်ကွဲခဲ့ကာ ကလပ်အတွက် မကစားပေးနိုင်သူကို ခေါ်ယူသွားခဲ့တယ်ဆိုကာ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
“ရွေးချယ်တယ် ဆိုတာလေးနဲ့ ကစားသမားကို ခွင့်ပြုလိုက်ဖို့ ကျွန်တော်တို့သဘောမတူပါဘူး၊ ကျွန်တော်တို့အ တွက် မက်ဆီက ရုပ်ပိုင်းဆိုင်ရာအရ ဒါမှမဟုတ် ပြန်လည်ထူထောင်ရေးအဆင့်မှာ ရှိနေသူ မဟုတ်ပါဘူး၊ ဒီလိုကစားသမားကို ရွေးချယ်တာကို ခွင့်မပြုနိုင်၊ သဘောမတူနိုင်ပါဘူး၊
ဒါက ကျိုးကြောင်း ဆီလျော်မှုလည်း မရှိသလို ဒီလိုအခြေအနေမျိုးမှာ ဖီဖာရဲ့ အမှန်တကယ် သဘောတူညီမှုရှိလားဆိုတာနဲ့ပဲ ထိုက်တန်ပါတယ်” လို့ လီယိုနာဒိုက ပြောဆိုခဲ့ကြောင်း ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ကစားပေးထားရသေးပြီး သွင်းဂိုးကလည်း ချန်ပီယံလိဂ် ၃ ဂိုးသာ ရရှိထားသေးတာဖြစ်ပါတယ်။

ZG
အာဂ်င္တီးနားအသင္းဟာ ဒီလထဲ ဘရာဇီးလ္၊ ဥ႐ုေဂြးတို႔နဲ႔ကစားရမယ့္ ပြဲစဥ္ေတြအတြက္ မက္ဆီကို ေ႐ြးခ်ယ္ေခၚယူခဲ့တဲ့အေပၚမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာလီယိုနာဒိုက ေဒါသထြက္ေနခဲ့ၿပီ ျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္အ႐ြယ္ မက္ဆီဟာ ပီအက္စ္ဂ်ီ အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ ၂ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရသူျဖစ္ၿပီး ဒူးဒဏ္ရာနဲ႔ တံေကာက္ေၾကာ ဒဏ္ရာ ရရွိထားတယ္လို႔ သိရပါတယ္။
မက္ဆီ က အသင္းေခါင္းေဆာင္ျဖစ္ၿပီး ဒီႏွစ္ထဲမွာ လက္ေ႐ြးစင္အသင္းအတြက္ ေျခစြမ္းျပေနတာေၾကာင့္ အာဂ်င္တီးနားကလည္း ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။
မက္ဆီနဲ႔ ပီအက္စ္ဂ်ီတို႔ရဲ႕စာခ်ဳပ္ထဲမွာ ကလပ္အသင္းထက္ ႏိုင္ငံအသင္းကိုဦးစားေပးမယ္ဆိုတဲ့ သေဘာတူညီခ်က္ ပါဝင္ထားေပမယ့္ လီယိုနာဒိုကေတာ့ လက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလး ေပါက္ကြဲခဲ့ကာ ကလပ္အတြက္ မကစားေပးႏိုင္သူကို ေခၚယူသြားခဲ့တယ္ဆိုကာ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။
“ေ႐ြးခ်ယ္တယ္ ဆိုတာေလးနဲ႔ ကစားသမားကို ခြင့္ျပဳလိုက္ဖို႔ ကြၽန္ေတာ္တို႔သေဘာမတူပါဘူး၊ ကြၽန္ေတာ္တို႔အ တြက္ မက္ဆီက ႐ုပ္ပိုင္းဆိုင္ရာအရ ဒါမွမဟုတ္ ျပန္လည္ထူေထာင္ေရးအဆင့္မွာ ရွိေနသူ မဟုတ္ပါဘူး၊ ဒီလိုကစားသမားကို ေ႐ြးခ်ယ္တာကို ခြင့္မျပဳႏိုင္၊ သေဘာမတူႏိုင္ပါဘူး၊
ဒါက က်ိဳးေၾကာင္း ဆီေလ်ာ္မႈလည္း မရွိသလို ဒီလိုအေျခအေနမ်ိဳးမွာ ဖီဖာရဲ႕ အမွန္တကယ္ သေဘာတူညီမႈရွိလားဆိုတာနဲ႔ပဲ ထိုက္တန္ပါတယ္” လို႔ လီယိုနာဒိုက ေျပာဆိုခဲ့ေၾကာင္း ေဒးလီးေမးလ္ က ေဖာ္ျပခဲ့ပါတယ္။
မက္ဆီဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစုံ ၈ ပြဲသာ ကစားေပးထားရေသးၿပီး သြင္းဂိုးကလည္း ခ်န္ပီယံလိဂ္ ၃ ဂိုးသာ ရရွိထားေသးတာျဖစ္ပါတယ္။