ဗန်ဒီဘိခ်၊ ပယ်လစ္စထရီ၊ ပစ်မှတ် အမရာဘတ်နဲ့ တိုဒီဘို၊ မက်ဂွဲယားနဲ့ အီဗန်စ်၊ နောက်ဆုံးထွက် မန်ယူ သတင်းထူးများ စုစည်းမှု

ဝက်စ်ဟမ်း အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား နဲ့ ကွင်းလယ်လူ မက် တော်မီနေး တို့ ၂ ယောက် အတွက် ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက် ကတော့ တော်မီနေး အတွက် ပေါင် သန်း ၃၀ ကို ငြင်းပယ် ခဲ့ပြီး ပိုမိုများပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖို့ စောင့်ဆိုင်းသွားခဲ့ ပါတယ် ။ မက်ဂွဲယား ရဲ့ အခြေအနေကတော့ ကလပ် ၂ သင်း ညှိနှိုင်းနေဆဲ ဖြစ်ပြီး အခြေအနေ တိုးတက်လာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပြီးခဲ့တဲ့ရာသီက ကာလရှည် ဒဏ်ရာရခဲ့တဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို လာလီဂါကလပ် ဆိုဒီဒက်ထံ အငှား ချဖို့ ယူနိုက်တက်တို့ စကားပြောနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီကြိုမှာ ခြေစွမ်းပြထားတဲ့ လူငယ်တိုက်စစ် ကစားသမား ပယ်လစ္စထရီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အငှားပဲ လွှတ်ရမလား အသင်းကြီးမှာ နေရာပေးရမလား ဆုံးဖြတ်ရ ခက်နေပါတယ်။

တူရကီကလပ် အပါအဝင် ကလပ်အချို့က ယူနိုက်တက် ကွင်းလယ်လူ ဖရက်ကို အပြီးသတ် ခေါ်ယူလိုနေပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။

ယူနိုက်တက်ဟာ ကွင်းလယ်လူ အမရာဘတ်နဲ့ ခံစစ်မှူး တိုဒီဘို တို့ကို ဒီနွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ကာ ကစားသမား ရောင်းချမှုတွေ ရှိလာခဲ့ရင် ချိတ်ဆက်မှု စတင်သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသက် ၃၅ နှစ်အရွယ် ခံစစ်မှူး အီဗန်ကို ကာလတို စာချုပ်အပြီး အသင်းမှာပဲ ဆက် ထိန်း သွားမလားဆိုတာ အခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ မက်ဂွဲယား ရောင်းထွက်၊ မထွက်ပေါ်လည်း အီဗန် အနာဂတ်က မူတည်နေပါတယ်။

လီဗာပူးနဲ့ ပြောင်းရွှေ့ကြေး အဆင်မပြေဖြစ်နေတဲ့ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ကြားဝင် ချိတ်ဆက်ဖို့ မန်ယူနိုက်တက်ဘက်က ပြင်ဆင်နေပါတယ်။

နည်းပြ တန်ဟက်က ဒီနွေမှာ ရောင်းချမယ့် ကစားသမား စာရင်းထဲ တိုက်စစ်မှုး မာရှယ်ကို မထည့်သေးဘဲ အလှည့်ကျစနစ်မှာ သူ့ကို နေရာပေးဖို့ ထည့်တွက်ထားပါတယ်။