မန်ယူနဲ့ တန်ဟက်တို့ မရမက ဝယ်ခဲ့တဲ့ တိုက်စစ်မှုး ဟွိုင်လန်းက ဒဏ်ရာနဲ့ အနာအဆာတွေ ပါလာ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒိန်းမတ်သား တိုက်စစ်မှူး ရာမက်စ် ဟွိုင်လန်း ကို အိုးလ်ထရက်ဖို့ဒ်ဆီ အရောက် ခေါ်နိုင်ခဲ့ပြီဖြစ်ပေမဲ့ ပွဲကစားချိန်ကတော့ ထိန်းပြီး အကန့်အသတ်နဲ့ သုံးရဖို့ ရှိနေကြောင်း သိရပါတယ်။
ဟွိုင်လန်း ရဲ့ ကြံ့ခိုင်မှု ဆေးစစ်ချက်တွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ ရလဒ်တွေအရဆိုရင် ဒိန်းမတ်လက်ရွေးစင်ဟာ နောက်ကျောမှာ ဒဏ်ရာရနေတာဖြစ်ပြီး မကြာခဏဆိုသလို ကျောအောင့်တဲ့ ဝေဒနာကို ခံစားရနိုင်တယ်လို့ သိရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပေါင် ၇၂ သန်းတန် တိုက်စစ်မှူးရဲ့ MRI Scan ဆေးစစ်ချက် အဖြေအရ ကျောဘက်မှာ အထိနာတဲ့ပုံစံမျိုးလို့ ယူဆရတဲ့ အစက် အပျောက်လေးတွေကို တွေ့နေရပြီး အဲဒါဟာ လူငယ်ကစားသမားတွေအနေနဲ့ ဘောလုံးကစားတဲ့ နေရာမှာ စိတ်ဖိစီးမှုဒဏ်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။
အတ္တလန္တာကနေပြီး မန်ယူကို ရောက်လာပြီးတဲ့နောက် ကြံ့ခိုင်မှု မပြည့်သေးတဲ့ ပြဿနာနဲ့ ဒဏ်ရာ အကင်းမသေ သေးတဲ့ ကိစ္စတွေရှိနေလို့ တိုက်စစ်မှူး ဟွိုင်လန်း ဟာ ရာသီအစ ပွဲစဉ် ၂ ပွဲမှာ ကစားဖို့ အခွင့်အလမ်း မရှိတော့ပါဘူး။
လက်ရှိ ကြုံနေရတဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်လို့ ဟွိုင်လန်း ဟာ ပုံမှန် ဆေးစစ်မှုတွေ နဲ့ ကုသမှုမျိုးတွေ ခံယူနေတာကြောင့် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ဘူးလို့တော့ မန်ယူအသင်းဘက်က တွက်ဆထားတာမျိုး ရှိပါတယ်။
ဒိန်းမတ် လက် ရွေးစင်ဟာ မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်ဖြစ်တဲ့ လန်းစ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ ယူနိုက်တက်ရဲ့ တရားဝင် ကစားသမားဖြစ်လာခဲ့တာပါ။
အသင်းရဲ့ ရာသီအဖွင့် ပွဲစဉ်တွေနဲ့ လွဲချော်ရတော့မှာ ဖြစ်ပေမဲ့လည်း ဟွိုင်လန်း ဟာ ယူနိုက်တက်အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းတွေကိုတော့ ပုံမှန်အတိုင်း လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။
အတ္တလန္တာနဲ့အတူ ရလာခဲ့တဲ့ ဒဏ် ရာကြောင့် ဟွိုင်လန်းဟာ ယူနိုက်တက်ကို ရောက်လာကတည်းက အနားယူဖို့ လိုအပ်နေခဲ့တာဖြစ်ပြီး ဒဏ်ရာ အသေးစားဖြစ်နေတဲ့အတွက်လည်း လေ့ကျင့်ခန်း ဆင်းလို့ရတဲ့ အနေအထားမှာတော့ ရှိပါတယ်။
ဒါပေမဲ့လည်း ဒဏ်ရာကို လစ်လျူရှုပြီး အတင်းအကျပ် ပွဲထုတ်ကစားမယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။