မန်စီးတီးကို မန်ယူအသင်းပဲ ယှဉ်နိုင်မယ် လို့ တိုက်တွန်းအားပေးလိုက်တဲ့ သရဲနီဟောင်းကြီး ဖာဒီနန်
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ကတော့ လာမယ့်ရာသီ အာဆင်နယ်နဲ့ မန်ယူတို့ ၂ သင်းသာ မန်စီးတီးလက်ထဲက ပရီးမီးယားလိဂ်ဖလားကို ဆက်လက် စိန်ခေါ်သွားမှာ ဖြစ်ကြောင်း ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါတယ်။
လက်ရှိ အပြောင်းအရွှေ့ အတွင်း အသင်းထံ လူသစ် ခေါ်ယူစုဆောင်းမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ အာဆင်နယ် အသင်းနဲ့ မန်ချက်စတာယူနိုက်တက် ၂ သင်းစလုံးဟာ လာမယ့်ရာသီကို အကောင်းဆုံး ဖြတ်သန်းသွားနိုင်ဖို့ ကြိုတင် ထင်ကြေးပေးခြင်း ခံနေရတဲ့ အသင်းတွေဖြစ်တာကြောင့် ဖာဒီနန်က ဆက်လက် ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖာဒီနန်က “ မန်ယူနဲ့ အာဆင်နယ် ၂ သင်းပဲ မန်စီးတီးကို အနီးကပ် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်၊လက်ရှိ အချိန်အထိ ယူနိုက်တက်နဲ့ စီးတီးကြား ကွာဟချက် ရှိနေတုန်းပဲ ဆိုတာကိုတော့ ကျွန်တော်တို့ လက်ခံထားရပါလိမ့်မယ်၊ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ကွာဟမှုတွေ ရှိနေကြပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ရှေ့ဆက်နေတယ်လို့တော့ ကျွန်တော် ယူဆနေ မိပါတယ်။
သူတို့ရဲ့ ဒီရာသီ လူခေါ်ယူမှုတွေကို ကြည့်ရုံနဲ့ ခင်ဗျားတို့ မှန်းဆမိနိုင်ကြမှာပါ၊ တော်တော်လေးကို ကောင်းမွန်မှု ရှိနေပါတယ်၊ ဒါ့ကြောင့် ယူနိုက်တက်ရဲ့ ရှေ့အလားအလာတွေကို ကျွန်တော်တို့ ဆက်စောင့်ကြည့်နေရပါလိမ့်မယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ချဲလ်ဆီးမှ မောင့်ကို ပေါင် သန်း ၆၀ အထိ ပေးချေကာ စတင် ခေါ်ယူခဲ့သလို အင်တာအသင်း ဂိုးသမား အိုနာနာ နဲ့ တိုက်စစ်ပိုင်းအတွက် ဟော့ဂျ်လန်းတို့ကိုပါ ဆက်တိုက် ခေါ်ယူလိုက်တာကြောင့် ပေါင် သန်း ၁၇၀ ကျော်အထိ အသုံးပြုထားပြီး ဖြစ်ပါတယ်။