ကိန်း မရဘဲ ဟွိုင်လန်း ကို ခေါ်ဖြစ်တာ အတွက် ကျေနပ် ပျော်ရွှင်ကြောင်း မန်ယူ နည်းပြ တန်ဟက် ပြောဆို

စပါး တိုက်စစ်မှုး ကိန်းဟာ တော့တင်ဟမ်ကနေ ဘိုင်ယန်မြူးနစ် သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သော်လည်း မန်ယူကတော့ ကိန်းကို မခေါ်ဘဲ ဒီနွေရာသီမှာ ဟွိုင်လန်းကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် ပျော်ရွင်မိကြောင်း တန်ဟက်က ပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်အကြီးအကဲ လီဗိုင်းက ကိန်းအတွက် ပေါင်သန်း ၁၀၀ တောင်းဆိုခဲ့ချိန်တွင် ယူနိုက်တက်ဟာ တိုက်စစ်မှူးကို ခေါ်ယူရန် ငြင်းဆိုခဲ့ပြီး ယခုအခါ ဘိုင်ယန်မြူးနစ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်အတွက် အဆိုပါတောင်းဆိုထားတဲ့ ပမာဏလောက်ပေးချေရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အီတလီကလပ် အတ္တလန္တာကနေ ပေါင် ၇၂ သန်း အသုံးပြုကာ ခေါ်ယူခဲ့တဲ့ ဟွိုင် လန်းကိုရွေးချယ်ခဲ့ခြင်းကို တန်ဟက်က ပြောဆိုထားပါတယ်။

ယူနိုက်တက်နည်းပြက “ပထမဆုံးအနေနဲ့ ကျွန်တော်တို့က တိုက်စစ်မှူးတစ်ဦးကို ရွေးချယ်ခဲ့ပြီး အသင်းရဲ့ ရွေးချယ်မှုအပေါ် တကယ်ကို ပျော်ရွှင်မိပါတယ်။ သူဟာ တိုက်စစ်မှူးကောင်းဖြစ်သလို ဂိုးဖန်တီးသူလည်းဖြစ်ပြီး တိုက်စစ်မှူးမှာ အရည်အချင်းတွေရှိတယ်ဆိုတာကိုတွေ့မြင်နိုင်ပါတယ်”

ကျွန်တော်တို့ အကောင်းဆုံး စိန်ခေါ်ပြီး အကောင်းဆုံးကစားချင်ပါတယ်။ သူ့ကို ဘာကြောင့် ကျွန်တော်တို့က မခေါ်ယူခဲ့ရသလဲဆိုတဲ့အပေါ် ထင်မြင်ချက်ပေးရမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်ဖြစ်ပြီး ကျွန်တော်တို့လု ပ်ဆောင်တဲ့ လုပ်ငန်းစဉ်များဟာ အမှန်တကယ် ဂရုပြုပြီးလုပ်တာပါ။

ကျွန်တော်တို့တွေ အများကြီးစဉ်းစားထားပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေချပါတယ်၊ နေ့ချင်းညချင်းဘဲ၊ ဆုံးဖြတ်ချက်တိုင်းကို လေ့လာတယ်၊ အခု ကျွန်တော်တို့နောက်မှာရှိနေတဲ့ အသင်းအပေါ် ပျော်ရွှင်နေပါတယ်” လို့ ပြောပါတယ်။

ဟွိုင်လန်းဟာ နောက်ကျောဒဏ်ရာ ရရှိနေတာကြောင့် ပွဲဦးထွက်နိုင်မှုက နှောင့်နှေးနေဦးမှာဖြစ်ပါတယ်လို့လည်း တန်ဟက် က ဆိုပါတယ်။

တန်ဟက်က “ဒါကြောင့် ကျွန်တော်တို့အရင်ကပြောခဲ့သလိုပဲ သူ့မှာ ပြဿနာသေးသေးလေးတွေရှိနေတာကြောင့် လက်ရှိအချိန်ကျွန်တော်တို့ ကစားသမားတွေမှာ ရှိသင့်တဲ့ အဆင့်မျိုးမှာ မရှိသေးပါဘူး ဒါကြောင့် သူ့ကို ကျွန်တော်တို့က လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ ရှေ့မှာ ဘာဖြစ်မလဲဆိုတာက အမြဲပြောဖို့ခက်တယ်။ ကျွန်တော်တို့က ယုံကြည်မှုရှိပြီး အကောင်းမြင်ပါတယ်” လို့ ပြောပါတယ်။