မေဆန်မောင့် မန်ယူမှာ အောင်မြင်မယ် လို့ ယုံကြည် ထောက်ခံလိုက်တဲ့ လီဗာပူး ကစားသမားဟောင်းကြီး
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူသစ် မေဆန်မောင့်ဟာ သိပ်ကောင်းတဲ့ ကစားသမားပါလို့ လီဗာပူး ဂန္တဝင်ဖြစ်သူ ဆောင်းနက်က သုံးသပ် ပြောဆိုလာပါတယ်။
ချယ်ဆီးမှာ ၁၈ နှစ်ကြာ ရှိခဲ့ပြီးမှ ဒီနွေမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ နည်းပြတန်ဟက်ရဲ့ အသင်းအတွက် သွင်းဂိုး တာဝန်တွေကို ခွဲယူနိုင်ဖို့ အရည်အချင်း ရှိကြောင်းကိုလည်း စကော့သားကြီးက အခုလို သုံးသပ်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဂရေမီ ဆောင်းနက်က ‘ ကျနော်ကတော့ မောင့်ကို အမြဲတမ်း သဘောကျသူပါ။ သူ့ကို မကြိုက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ သူက နည်းစနစ်ကောင်းတယ်၊ ခြေအိတ် ကျွတ်ကျတဲ့ထိ ကြိုးစားတတ်သူ ဖြစ်ပါတယ်။ အကြီးကျယ်ဆုံး ကလပ်တစ်သင်းနဲ့ ပူးပေါင်းဖို့ အသင်းပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူက ချယ်ဆီးမှာကော အင်္ဂလန်မှာပါ မျှော်လင့်ခံရမှုတွေကို ကိုင်တွယ်နိုင်တယ် ဆိုတာ ပြသခဲ့ပါတယ်။ ဒါမျိုးကို အိုးထရတ်ဖိုဒ့်မှာပါ လုပ်ပြနိုင်ရင် သူက စတား တစ်ဦး ဖြစ်လာဦးမှာပါ။
ကွင်းရဲ့ တိုက်စစ်ဘက်ခြမ်းမှာ သူဂိုးတွေ ရအောင် ကြိုးစား ကစားဖို့လိုတယ်။ အဲ့လို လုပ်နိုင်မှာပါ။ တိုက်စစ်ပိုင်းအတွက် သူ့ရဲ့ ချယ်ဆီး မှတ်တမ်းတွေကလည်း သိပ်ကောင်းတယ်။ ပိုကောင်းလာအောင်တော့ လုပ်ရမှာပါ။ ယူနိုက်တက်အတွက် သူက သိပ်ကောင်းတဲ့ ကစားသမား ဖြစ်လာမယ် ထင်မိပါတယ် ’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မေဆန်မောင့်ဟာ ကွင်းလယ်မှာ ကာဆီမီရို၊ ဖာနန်ဒက်စ်တို့ဖြင့် တွဲဘက်ရမှာဖြစ်ကာ ရက်ဖိုဒ့်၊ ဟွိုင်လန်း၊ အန်တိုနီတို့ကို သွင်းဂိုး အခွင့်အရေးအတွက် ကူညီပေးရမှာပဲ ဖြစ်ပါတယ်။