အိုနာနာ မန်ယူ ပြောင်းမယ် ဆိုရင် ကစားသမား ဘဝ အဆိုးဆုံး ရွှေ့ကွက် ဖြစ်မယ် လို့ ဒီဘရိုင်း သတိပေးထား

မန်ယူအသင်းဟာ အဲဗာတန် ကွင်းလယ်လူ အမာဒူ အိုနာနာကို ခေါ်ယူရန် ပြန်လည်ကြိုးစားနေပြီး အဲဗာတန် အနေနဲ့လည်း ၎င်းကို အသင်းတွင် ဆက်ထိန်းထားနိုင်ရန် ခက်ခဲနေပါတယ်။

အိုနာနာရဲ့ ဘယ်ဂျီယမ်အသင်းဖော် ဒီဘရိုင်း ကတော့ မန်ယူ သွားမယ် ဆိုရင် ထို အပြောင်းအရွှေက အိုနာနာ ကစားသမားဘဝအတွက် အကြီးမားဆုံး အမှားအယွင်းတစ်ခု ဖြစ်သွားနိုင်ကြောင်း သတိပေးစကား ဆိုထားတယ် လို့ သတင်း ထွက်လာပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက်ဟာ ဈေးကွက် မပိတ်ခင် ကွင်းလယ်ကို အားဖြည့်လိုနေပြီး မော်ရိုကိုလက်ရွေးစင် အမာရာဘတ်ကို ဦးစားပေးခေါ်ယူရန် ကြိုးစားနေပါတယ်။

အမရာဘတ်ကို လီဗာပူးကလည်း ချိတ်ဆက်လာပြီး ၎င်းကို မခေါ်နိုင်ပါက မန်ယူ အသင်း အနေနဲ့ အိုနာနာကို အစားထိုးခေါ်ယူသွားလိုနေတာ ဖြစ်ပါတယ်။

အိုနာနာအတွက် ပြောင်းရွှေ့ကြေးကို အဲဗာတန်က ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ခန့်သတ်မှတ်ထားပြီး အိုနာနာက အမှန်တကယ်ပြောင်းလိုပါက ၎င်းကို တားဆီးနိုင်ရန် ခက်ခဲမယ် လို့ အဲဗာတန်က ယူဆနေကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင် အိုနာနာ က မန်ယူနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိထားပြီ လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ အိုနာနာသည် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ ပထမဦးဆုံးသော ပရီးမီးယားလိဂ် ဘောလုံးရာသီအဖြစ် အဲဗာတန်မှာ ကစားရာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရောပဘောလုံးလောကတွင် အလားအလာ ကောင်းသော ကွင်းလယ်လူတစ်ဦး အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။