ဘာစီလိုနာရဲ့ အသည်းကျော်လေး ထွက်မယ် ဆိုလို့ မန်ယူ အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးတွေ လှုပ်ရှားလာ
အန်ဆူဖာတီက ဘာစီလိုနာကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီးနောက် ၎င်းကို ခေါ်ယူလိုသော ပရီးမီးယားလိဂ် ကလပ် အသင်းများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာနေပါတယ်။
နည်းပြ ဇာဗီကတော့ လာလီဂါအဖွင့်ပွဲစဉ်ဖြစ်သော ဂီတာဖေးနှင့်ပွဲစဉ်တွင် ပွဲချိန် ၇၉ မိနစ်အထိ ၎င်းကို လူစားဝင် ကစားခွင့်မပေးခြင်းကြောင်း ဇာဗီးသည် ၎င်းအပေါ်ယုံကြည်ချက်မထားဟုယူဆပြီး ဖာတီက အသင်းပြောင်းလိုခြင်း ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြသော မန်ယူ အာဆင်နယ်နဲ့ စပါးအသင်း တို့သည် ဖာတီရဲ့ ဆုံးဖြတ်ချက်ကြောင့် ၎င်းကို ခေါ်ယူရန် စတင် လှုပ်ရှားလာကြကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။
အသက် ၂၀ နှစ်အရွယ် ရှိ ဖာတီသည် အရွယ်နှင့်မမျှအောင် ရင့်ကျက်ပြီး ဘောလုံးစွမ်းရည် ကျွမ်းကျင်မှု မြင့်မားခြင်းနှင့် လျင်မြန်ခြင်းတို့ကြောင့် နာမည်ကြီးသူ ဖြစ်သည်။
ဖာတီ စာ ဘာစီလိုနာအသင်းနှင့်စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးသော်လည်း အသင်းကို စွန့်ခွာရန် အချိန် တန်ပြီဟု ယူဆနေတာ ဖြစ်ပါတယ်။
ဖာတီသည် ဘာစီလိုနာစီနီယာအသင်းကြီးတွင် အသက် ၁၆ နှစ်နှင့်စတင်ပါဝင်ကစားခဲ့ပြီးနောက် ဘက်တစ်ဘက်သို့ ဂိုးသွင်းပြီး ကလပ်အသင်းကြီးရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာခဲ့သည်။
၂၀၂၀ တွင် ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကိုးလခန့်နားခဲ့ရသည်။ ဖာတီသည် မက်ဆီချန်ထားခဲ့သော ကျောနံပါတ် ၁၀ ဂျာစီကို ဘာစီလိုနာတွင် ဝတ်ဆင်ခွင့်ရနေသော်လည်း ဇာဗီရဲ့ ဘာစီလိုနာ အသင်းမှာ ပုံမှန်နေရာ မရ ဖြစ်နေပါတယ်။