ဂရင်းဝုဒ် ကို ပြန်ကစားခိုင်းရင် မန်ယူကို အားမပေးတော့ဘူး ပြောလာသူနဲ့ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အမျိုးသမီးများ
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ကြေညာဖို့ရက် နီးသထက် နီးလာချိန် မှာတော့ မန်ယူအသင်းဟာ အမျိုးသမီးထုရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။
ရုပ်သံတင်ဆက်သူ ရေချယ်ရိုင်လီက ကလပ်တွင် မေဆင်ဂရင်းဝုဒ် ဆက်ရှိနေလျှင် မန်ချက်စတာယူနိုက်တက်ကို ဆက်လက် အားပေးလာတော့မှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်း မန်ယူ အားပေးတဲ့ အမျိုးသမီး ပရိသတ်တွေဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ကွင်းအပြင်ဘက် စုရပ်တစ်ခုမှာ စုဝေးဆန္ဒပြခဲ့ကြပြီး မိမဆုံးမ ဖမဆုံးမသားကို ကွင်းထဲပြန်ခေါ်မလာနဲ့ဆိုပြီး တောင်းဆိုခဲ့ကြ ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ မေဆင်ဂရင်းဝုဒ် အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးပေမဲ့လည်း အသင်းမှာ ဆက်ရှိရန် အခွင့်အလမ်းများနေပါတယ်။
အသက် ၂၁ နှစ်ရှိ တိုက်စစ်သမားဟာ ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှု၊ နာကျင်စေမှုတို့ဖြင့် စွဲချက်တင်ခြင်း ခံခဲ့ ရပေမဲ့လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့တုန်းက အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကတည်းက ယူနိုက်တက်အတွက် ကစားခွင့်မရခဲ့သူလည်း ဖြစ်ပါတယ်။
Countdown ပူးတွဲတင်ဆက်သူရိုင်လေက “ဂရင်းဝုဒ်သာ ကလပ်မှာ ဆက်ရှိနေရင် ယူနိုက်တက်ကို အားမပေးတော့ဘူး”လို့ ဆိုသွားပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့တုန်းက ဝုဗ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ မတိုင်မီ ဂရင်းဝုဒ်အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရန် စီစဉ်ထားခဲ့ပေမဲ့လည်း ရွှေ့ဆိုင်းခဲ့ပါတယ်။
နောက်ပိုင်းတွင် ယူနိုက်တက်က အမျိုးသမီးအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ ဂရင်းဝုဒ်အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်နှင့် ယူနိုက်တက်ကစားသမားများကတော့ ဂရင်းဝုဒ်ကို ဒုတိယ အခွင့်အရေး ပေးလိုနေပြီး အသင်းမှ ကြိုဆိုနေကြပါတယ်။
ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အသင်းတွင် ဆက်ထားပါကလည်း ပထမအသင်းတွင် ချက်ချင်းမကစားစေဘဲ ယူ-၂၁ အသင်းတွင် စတင် ကစားလာစေဖို့ ရှိပါတယ်။