စပါးနဲ့ ပွဲမှာ မြင်ရဖွယ် ရှိပြီ ဖြစ်တဲ့ သန်း ၇ဝ ကျော်တန် သရဲနီ တိုက်စစ် ကြယ်ပွင့်သစ် ဟွိုင်လန်း
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ရာနှုန်းပြည့် ပါဝင်နိုင်ပြီဖြစ် သလို ကြံ့ခိုင်မှုလည်း အပြည့်အ၀ ရနေပြီဖြစ်တဲ့အတွက် တိုက်စစ်မှူးသစ် ရာမက်စ် ဟွိုင်လန်း ဟာ ပွဲထွက်ကစားခွင့်ရဖို့ စိတ်အား ထက်သန်နေပြီ ဖြစ်ပါတယ်။
ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှုးဟာ မန်ယူအသင်းကို ရောက်လာပြီးတဲ့နောက် ရာသီအစ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့ပွဲကို ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြဿနာကြောင့် လွဲခဲ့ရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လူပ်ရှားမှု များတဲ့အခါ ကျောအောင့်တဲ့ဝေဒနာကို ခံစားရတဲ့ ဟွိုင်လန်း ဟာ စက်တင်ဘာလ လောက်အထိကို အနားယူရမယ်လို့ အသင်း ဆရာဝင်တွေက ခန့်မှန်းခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်ရနေပြီဖြစ်တယ်လို့ သိရပါတယ်။
ရာသီအစ ဝုဗ်နဲ့ ပွဲစဉ်မှာ အသင်းရဲ့ တိုက်စစ်လုပ်အားနှုန်း ကျဆင်းနေတဲ့ အတွက် မန်ယူပရိသတ် တွေဟာလည်း ပေါင်သန်း ၇၀ တန် တိုက်စစ်မှူးကို အမြန်ဆုံး မြင်ချင်နေကြပါတယ်။
အတ္တလန္တာ တိုက်စစ်မှူးဟောင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နည်းပြအဲရစ်တန်ဟတ်ဟာ စပါးနဲ့ပွဲအတွက် လုပ်မယ့် သတင်းစာရှင်းလင်း ပွဲမှာ အသေးစိတ် ထုတ်ပြောဖို့ အစီအစဉ်ရှိနေနိုင်ပါတယ်။
အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေတဲ့ ပုံတွေကို တိုက်စစ်မှူး ဟွိုင်လန်း က အင်စတာဂရမ် ကနေတစ်ဆင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပို့စ်တင်ခဲ့ပြီး ‘’မကြာမီ’’ ဆိုတဲ့ စာသားနဲ့အတူ အနီရောင်နဲ့ သရဲနီ emoji လေးတွေကို တွဲပြီး တင်ထားခဲ့ ပါတယ်။
ဒါကြောင့် ဟွိုင်လန်း ဟာ စပါးနဲ့ ကစားမယ့်ပွဲအတွက် ဦးစားပေး လူ စာရင်းမှာ မပါနိုင်ဘူး ဆိုရင်တောင်မှ အရန် စာရင်းမှာ ပါလာနိုင်တယ်လို့ ပြောတဲ့ သူတွေလည်း ရှိလာနေကြပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်ယူ အသင်းဟာ တိုက်စစ်မှူး ဟိုလွန်းရဲ့ ပွဲထွက်ခွင့်နဲ့ ပတ်သက်လို့ တိကျတဲ့ ရက်စွဲမျိုး သတင်းထုတ်ပြန်ပေးထားတာ မရှိပါဘူး။
ဒါပေမဲ့လည်း လာမယ့် စက်တင်ဘာလ ၃ ရက်နေ့ကျရင် ကစားမယ့် အာဆင်နယ်နဲ့ ပွဲစဉ်မှာတော့ သေချာပေါက် ပါဝင် လာနိုင်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်း က ရေးသားဖော်ပြထားပါတယ်။
မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အပေါ်မှာ ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အမြန်ဆုံး လျှော့ချပစ်ချင်နေပြီး ဟွိုင်လန်း ကို ပွဲထုတ်ရင်းနဲ့ ရက်ရှ်ဖို့ဒ်ကို သူ့ရဲ့ စိတ်ကြိုက် နေရာဖြစ်တဲ့ ဘယ်တောင်ပံ တိုက်စစ်အခြမ်းမှာ ပွဲထုတ်ပေးဖို့ အမြန်ဆုံး ကြိုး စားနေပါတယ်။