အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ စပါးနဲ့ မန်ယူ ပွဲ အတွက် မျှမျှတတ ကြိုတင် ခန့်မှန်းသွားတဲ့ ဘာဘာတော့ဗ်
မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ တိုက်စစ်မှုးဟောင်းကြီး ဒီမီတာ ဘာဘာတော့ဗ်ကတော့ ဒီအပတ် သူ့ အသင်းဟောင်း နှစ်သင်း ထိပ်တိုက် တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကြိုတင် ခန့်မှန်းမှု ပြုလုပ်လာပါတယ်။
လက်ရှိ အသက် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ ဘာဘာတော့ဗ်ဟာ တော့တင်ဟမ် စပါး အသင်းမှာ ၂ နှစ်၊ မန်ချက်စတာ ယူနိုက်တက်မှာ ၄ နှစ်တာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းကြီး ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘာဘာတော့ဗ်က ” ဒီပွဲက ပွဲကောင်း ဖြစ်မှာပါ၊ ကျနော်လည်း ကွင်းထဲမှာ ရှိလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ဝုဗ်နဲ့ ပွဲတုန်းကလိုသာ ကစားမယ် ဆိုရင် သူတို့ ရှုံးမှာပါ။
စပါးက ဘရန့်ဖို့ဒ်နဲ့ ပွဲ ကောင်းကောင်း လုပ်ပြနိုင်ပြီး ၂ ဂိုး သွင်းခဲ့တယ်။ သူတို့ ခံစစ်ကတော့ ပိုတောင့်တင်းဖို့ လိုတယ်။ ဒီပွဲမှာ သရေပဲ လွယ်လွယ်ကျသွားမယ် ထင်တယ်။” လို့ ရိုးရိုးရှင်းရှင်းပဲ သုံးသပ် စကား ဆိုခဲ့ပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းခဲ့တဲ့ ပွဲရလဒ်ကတော့ စပါး ၂-၂ မန်ယူ ဖြစ်ပါတယ်။ စပါးနဲ့ မန်ယူ အသင်းတို့ဟာ ဒီနေ့ စနေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။