မက်ဂွိုင်းယား မန်ယူမှာ ဆက်ရှိနေလို့ ဝမ်းသာပါတယ် လို့ လေသံပြောင်းလာတဲ့ နည်းပြ တန်ဟက်
နည်းပြ အဲရစ်တန်ဟက်က မန်ချက်စတာယူနိုက်တက်တွင် ဟယ်ရီမက်ဂွိုင်းယား ဆက်ရှိနေလို့ ဝမ်းသာရကြောင်းနှင့် အင်္ဂလန်သား အနေနဲ့ အသင်းမှာ ပွဲ ကစားခွင့် ရဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ၈ ပွဲတည်းသာ ပွဲထွက်ခွင့် ရခဲ့တဲ့ မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းမယ်လို့ ယူဆရပေမဲ့လည်း ကစားသမားဘက်က ဆွေးနွေးရန် ငြင်းပယ်မှုနှင့်အတူ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယခုအခါ အဲရစ်တန်ဟက်က အသက် ၃၀ နှစ်ရှိ မက်ဂွိုင်းယားအနေဖြင့် အခွင့်အရေးရရှိလာချိန်တွင် ခြေစွမ်းပြပြီး အခွင့်အရေးကို အပိုင်အနိုင် အသုံးချရမယ်လို့ ဆိုလာပါတယ်။
အဲရစ်တန်ဟက်က “ဗဟိုနောက်ခံလူတစ်ဦးဆီက ကျွန်တော် ဘာမျှော်လင့်တယ်ဆိုတာ သူ သိထားပြီးသားပါ။ သူ လုပ်နိုင် ပါတယ်။ သူ့မှာ လုပ်နိုင်စွမ်းလည်း ရှိထားပြီးသားပါ။ ဒီတော့ သူ့အနေနဲ့ ဒါကို ပြရမယ်။ ဒီနေရာမှ ကစားဖို့က စရိုက်နဲ့ဆိုင်တယ်။ သူ့မှာ အရည်အချင်းအားလုံးရှိထားပြီးသားပါ။ အချိန်ကျရောက်လာချိန်မှာ ပြရမယ်”လို့ ပြောကြား သွားပါတယ်။
မက်ဂွိုင်းယားဟာ လက်စတာမှ ပေါင်သန်း ၈၀ ဖြင့် ပြောင်းလာပြီး လအနည်းငယ်အကြာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ တွင် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပေမဲ့ မကြာသေးမီတုန်းက အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှား ခံခဲ့ရပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ အသင်းနှင့်အတူ ပူးတွဲ လေ့ကျင့်ခန်းဆင်းနေတဲ့ လက်စတာနောက်ခံလူဟောင်း ဂျွန်နီအီဗန့်ကို တစ်နှစ်စာချုပ်ချုပ်ဆိုရန် နီးစပ်နေရာ မက်ဂွိုင်းယားအနေဖြင့် ပဉ္စမဦးစားပေး ဗဟိုခံစစ်သမား အဖြစ်သာ ကစားခွင့် ရလာဖို့ ရှိပါတယ်။