အဝေးကွင်းမှာ စပါး မသိမ်းနိုင်ဘဲ ရှုံးပွဲတွေ့ ပြန်လာရတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိက်တက်ရဲ့ စနေနေ့ညက အဝေးကွင်းမှာ စပါးကို သွားရောက် ရင်ဆိုင်တဲ့ ပွဲကတော့ ၂-ဝ နဲ့ ရှုံးနိမ့်ခဲ့ပြီး သရဲနီ တိုက်စစ်သမားတွေ ပြောခံရစရာတွေ ဖြစ်ခဲ့ပါတယ်။

စပါး-ယူနိုက်တက် ပွဲ ပထမပိုင်းကတော့ ဂိုးမရှိ သရေဖြစ်ခဲ့ပါတယ်။ အခွင့်အရေးတွေ ကိုယ်စီရပေမယ့် အသုံး မချနိုင်ခဲ့သလို စပါးကလည်း တိုင်ကိုမှ နှစ်ခါဆက်တိုက်မှန်တဲ့အထိ ကံဆိုးခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပထမပိုင်းပြီးခါနီးမှာ စပါးက ပိုကောင်းလာခဲ့ပြီး ဖိကစားနိုင်ခဲ့ပါတယ်။ အူဒိုဂီ၊ ဘစ်ဆာမာနဲ့ ဆားတို့လို လုပ်အားနှုန်း ကောင်းတဲ့ ကစားသမားတွေကြောင့် ယူနိက်တက်ကွင်းလယ်က ထင်သလောက် အလုပ်မဖြစ်ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း စပါးက ကွင်းလယ်ပိုင်းအားသာချက်ကို အသုံးချပြီး ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ သူတို့တွေ ဦးဆောင်ဂိုးရသွားခဲ့တာပါ။ ယူနိုက်တက်ခံစစ်ပိုင်းက ဖိအားပေးမှု နည်းပါးတာကနေ စပါးတို့ ဂိုးရခဲ့ပြီး ဆားက ဧရိယာထဲကနေ အပိုင်ပိတ်သွင်းခဲ့တာပါ။

ဂိုးပေးလိုက်ရတဲ့နောက် ယူနိုက်တက်တို့ ချေပဂိုးရဖို့ကို ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ အန်တိုနီရဲ့ ကန်ချက် ဂိုးတိုင်ထိသွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ စပါးက ဦးဆောင်ဂိုးရထားပေမယ့် တိုက်စစ်ကို အရှိန်မလျှော့ဘဲ ဆက်ကစားခဲ့လို့ ယူနိုက်တက်တို့ အခက်တွေ့ခဲ့ရပါတယ်။

ကစာသးမားအပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ထင်သလောက် ကစားအားတက်မလာခဲ့ဘဲ စပါးကတောင် ပိုခြိမ်းခြောက်နိုင်ခဲ့တာပါ။ ကွင်းလယ်ပိုင်းမှာ ယူနိုက်တက်အားနည်းခဲ့သလို တိုက်စစ်ပိုင်းကလည်း အရေးအကြောင်းဆို ဂိုးသွင်းနိုင်မယ့်သူ မရှိဖြစ်နေခဲ့ပါတယ်။

၈၂ မိနစ်မှာတေ့ာ စပါးတို့ ဒုတိယဂိုးထပ်ရသွားပါတယ်။ ပါရီဆစ်ရဲ့ ပေးပို့မှုကို ဘင်ဒေးဗီးစ်ကန်သွင်းရာမှာ ထိချက်မမှန်သလို ဘောလုံးကိုလည်း သေချာမထိခဲ့ပေမယ့် မာတီနက်ဇ်နဲ့ ထိကာ လမ်းကြောင်းအနည်းငယ်ပြောင်းပြီး ဝင်သွားခဲ့တာပါ။ ဒါက စပါးကို နိုင်ပွဲရဖို့အတွက် သေချာစေခဲ့ပြီး ၂-၀ နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်လည်း မန်ချက်စတာ ယူနိုက်တက်တို့ ချေပဂိုးရဖို့တောင် မလုပ်နိုင်ခဲ့တော့ဘဲ ပွဲက ၂-၀ နဲ့ပဲ ပြီးဆုံးခဲ့ကာ စပါးတို့ ဒီရာသီမှာ နိုင်ပွဲ စရကာ ယူနိုက်တက်ကတော့ ပထမဆုံးရှုံးပွဲကို စောစောစီးစီးပဲ ရင်ဆိုင်ခဲ့ရပါတော့တယ်။