မန်ချက်စတာ ယူနိုက်တက် ရမယ့် လက်ထိဘော ပင်နယ်တီ ဘာကြောင့် ငြင်းပယ် ခံရသလဲ

မနေ့ညက စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ ဖြစ်တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအစကတည်းက နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီရရှိခဲ့ကြပါတယ်။

ဒါပေမဲ့ အငြင်းပွားစရာ ဖြစ်ခဲ့တာက ပွဲချိန်(၂၅)မိနစ်မှာ ဂါနာချိုရဲ့ကန်ချက်ကို စပါးအသင်း နောက်ခံလူ ရိုမဲရိုး တားဆီးဖို့ ကြိုးစားတာကနေ လက်ထိဘောဖြစ်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို VAR က စစ်ဆေးပြီးတဲ့နောက် ပယ်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင်အိုလီဗာက ပွဲဆက်လက် ကစားစေခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပွဲချိန် ၂၆ မိနစ် ထိုအဖြစ်အပျက်အပြီး ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာဟာ ယူနိုက်တက်ကို ထောင့်ကန်ဘောပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

VAR က ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ခဲ့ပေမယ့်လဲ ပင်နယ်တီပေးခြင်းမရှိပဲ ပွဲကိုဆက်လက်ကစားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စက ပင်နယ်တီပေးရမှာ သိသာတယ်လို့ ထင်ရပေမယ့်လဲ ရိုမဲရိုးရဲ့လက်က ပုံမှန်မဟုတ်တဲ့ အနေအထားမှာ ရှိနေခဲ့တာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်သလို ဂါနာချိုရဲ့ ကန်ချက်ကို သူထိမိခဲ့တာက အိုလီဗာအတွက် ပင်နယ်တီ ပေးလောက်အောင် မဖြစ်ခဲ့ပါဘူး။

VAR အနေနဲ့ ဒိုင်ရဲ့ ကွင်းတွင်းဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ လက်ခံနိုင်လောက်စရာ သက်သေမျိုး မမြင်တွေ့ခဲ့ရတာလဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို VAR ရောက်လာပြီးကတည်းက အငြင်းပွားစရာတစ်ခု ဖြစ်ခဲ့တာပါ။ VAR ဟာ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ပွဲမှာ ဝုဗ်ဘက်ကို သေချာတဲ့ ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တဲ့နောက် ဒိုင်လူကြီးချုပ် ဟောင်းဝပ်ကတောင် ဝုဗ်အသင်းကို တောင်းပန်ခဲ့ရသေးတာ ဖြစ်ပါတယ်။