လာမယ့် ၇၂ နာရီ အတွင်း အနာဂတ် ကို ဆုံးဖြတ်တော့မယ့် မန်ယူ ကွင်းလယ် ပစ်မှတ် အမရာဘတ်

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဆိုဖီယန် အမရာဘတ်ဟာ သူ့အနာဂတ်ကို ၇၂ နာရီ အတွင်းတွင် ဆုံးဖြတ်လာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ဖီအိုရင်တီးနား အလယ်တန်း ကစားသမားဟာ စီးရီးအေနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ခြေစွမ်းပြကစားပြီးနောက် ယခုနွေရာသီ တွင် ကလပ်အမြောက်အမြားတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

အသက် ၂၇ နှစ်ရှိ မော်ရိုကို လက်ရွေးစင်ကစားသမားဟာ လီဗာပူးနှင့် မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အဓိက ပစ်မှတ်ထားခြင်း ခံနေရသလို အက်သလက်တီကိုရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ အလယ်တန်းတွင် ရွေးချယ်စရာ များစွာ ရှိလိုနေမှုနှင့်အတူ မော်ရိုကိုစတားအား ခေါ်ယူလိုနေတာ ဖြစ်ပြီး ကလော့ပ်မှာလည်း အားနည်းနေတဲ့ အလယ်တန်းကို အားဖြည့်ရန် အမရာဘတ်အား ခေါ်ဆောင် လိုနေပါတယ်။

အီတလီ သတင်းဌာန Corriere dello Sport ရဲ့ ဖော်ပြလာမှုအရ လီဗာပူးနှင့် ယူနိုက်တက်တို့ဟာ အမရာဘတ် အနေဖြင့် အနာဂတ်အား အလျှင်အမြန် ဆုံးဖြတ်စေလိုလျက်ရှိနေပါတယ်။

ဒါ့အပြင် ဖီအိုရင်တီးနားကလည်း အမရာဘတ်အား သောကြာနေ့ နောက်ဆုံးထားပြီး အနာဂတ်အား ဆုံးဖြတ်ရန် အကြောင်းကြား ထားပါတယ်။

ဖီအိုရင်တီးနားဟာ ကစားသမားဘက်က ထွက်ခွာရန် ဆုံးဖြတ်လာပါက အစားထိုးမဲ့ ကစားသမားရှာဖွေရမှာ ဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအချိန်တွင်မှ အလျှင်စလို ကစားသမားရှာဖွေမှု မပြုလုပ်လိုနေပါဘူး။

စီးရီးအေကလပ်ဟာ အမရာဘတ်အား ပြောင်းရွှေ့ကြေး ပေါင် ၂၅.၅ သန်းသတ်မှတ်ထားပါတယ်။