ဈေးကွက် မပိတ်ခင် အမှီ ဘစ်ဆာကာနဲ့ အလဲအထပ် လုပ်ကာ လူသစ် ခေါ်ဖို့ မန်ယူအသင်း လှုပ်ရှားနေ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီ နွေဈေးကွက်မှာ မေဆင်မောင့်၊ အိုနာနှင့် ဟွိုက်လန်းတို့ကဲ့သို့ ကစားသမားတွေကို ခေါ်ယူကာ ငွေကြေးများစွာကို အသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ရဲ့အသင်းဟာ ရာသီအစတွင် ခက်ခဲတဲ့စတင်မှုများ ရှိနေပါတယ်။
လက်ရှိမှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာကာမှ မန်ယူ နည်းပြ တန်ဟက်က ဘစ်ဆာကာ အား ကစားသမား အလဲအထပ် အဖြစ် သုံးကာ လူသစ် ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။
Football Insider ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာနှင့် ပေါ်တူဂီ နောက်ခံလူ နယ်လ်ဆင် ဆီမီဒိုတို့ ပါဝင်သော အလားအလာရှိတဲ့ ကစားသမား အလဲအထပ် သဘောတူညီချက်အတွက် ညှိနှိုင်းရန် ဝုဗ်နှင့် စကားပြောဆိုထားပါတယ်။ နည်းပြ တန်ဟက်ဟာ ညာခြမ်းခံစစ်တွင် အင်အားဖြည့်လိုတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ဆီမီဒိုကို တိုက်ရိုက်အစားထိုးဖို့ ဝမ်ဘစ်ဆာကာဖြင့် ကမ်းလှမ်းခဲ့ပေမယ့် တဖက်မှာ ဝမ် ဘစ်ဆာကာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ယူဆ ရပါတယ်။
ပွဲထွက်ခွင့်အတွက် ဒါလော့နှင့် တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်းကို မကြာသေးမီက အသက် ၂၅ နှစ်အရွယ် ကစားသမားက ပြောခဲ့ပါတယ်။
ယူနိုက်တက်ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်သို့ ဝမ်ဘစ်ဆာကာ “ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အတွက် တွန်းအားလည်းဖြစ်သလို အသင်းကိုလည်း ကူညီပေးရာရောက်ပါတယ်” လို့ ပြောပါတယ်။
“ကျွန်တော့်အတွက် ပထမဆုံးအရာက တန်ဟက်လိုချင်တဲ့အရာနဲ့ သူ့အနေနဲ့ ကျွန်တော့်ကို လိုနေတဲ့ အပိုင်းကို နားလည်နေဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ရတာကို ကျွန်တော် သဘောကျပါတယ်”
“ကျွန်တော်က အဲဒါကို ယုံကြည်မှု ရှိလာတဲ့အတွက် ရည်ရွယ်ချက်က ကျွန်တော် ကစားပုံနဲ့ သူလိုချင်တာ ကိုက်ညီဖို့ဖြစ်ပါတယ်”
“လက်ရှိက ကျွန်တော်တို့ လိုချင်နေတဲ့စတင်မှုတော့ မဟုတ်ဘူး။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ ရလဒ်ကို ရခဲ့ပြီး အဲဒီကနေ ဆက်လုပ်သွားဖို့ ရည်မှန်းထားပါတယ်” လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။