ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးနောက် ထွက်လာတဲ့ စူပါကွန်ပျူတာရဲ့ ဟောကိန်းမှာ မန်ယူ ဘယ်အဆင့်မှာ ပါသလဲ

ပရီးမီးယားလိဂ် ပြိုင်ပွဲ စတင်လာပြီးနောက် ပွဲစဉ်၃အပြီးမှာတော့ ဘယ်လိုရာသီသိမ်းမယ်ဆိုတာ Bettingexpert ရဲ့ စူပါကွန်ပျူတာ ဟောကိန်းထုတ်လာပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အပါအဝင် အသင်းကြီးကတွေကတော့ အကောင်းဆုံး ခြေ မရသေးဘဲ အခြေကျအောင် အရှိန်ယူနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ သာ ကစားရသေးပြီး ၃၅ ပွဲကစားရန် ကျန်နေသေးမှုနှင့်အတူ လပေါင်းများစွာ ကစားရန် ကျန်ပါသေးတယ်။

ဒါပေမဲ့ Bettingexpert ရဲ့ စူပါကွန်ပျူတာ BETSiE က ပရီးမီးယားလိဂ်ရာသီ ဘယ်လို အမှတ်ပေးဇယားမျိုးဖြင့် အဆုံးသတ်လာမယ် ဆိုတာ ကြိုတင် ဟောကိန်းထုတ်လာပါတယ်။

စူပါကွန်ပျူတာက ပရီးမီးယားလိဂ်ကို မန်စီးတီးကို ၄ ကြိမ်ဆက် စံချိန်တင် ဆွတ်ခူးလာမယ်လို့ ဟောကိန်းထုတ် လာပါတယ်။

အာဆင်နယ်ကို အဆင့် ၂ နေရာမှာဘဲ ဆက်လက် ရပ်တည်လာမှာ ဖြစ်ပြီး လီဗာပူး အဆင့် ၃ နဲ့ မန်ချက်စတာ ယူနိုက်တက် အဆင့် ၄ အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ရလာမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။

ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ နယူးကာဆယ်နှင့် ချဲလ်ဆီးတို့ကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိလာမှာ ဖြစ်ပြီး စပါးစ်ကို ယူရိုပါကွန်ဖရင့် လိဂ် ဝင်ခွင့် ရလာမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။

ဒါ့အပြင် အဲဗာတန်၊ လူတန်နှင့် ရှက်ဖီးလ်ယူနိုက်တက်တို့ကို တန်းဆင်းရမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။