လက်ရှိ ချန်ပီယံ မန်ယူအသင်း နောက်တစ်ဆင့် တက်ဖို့ အားကောင်းနေတဲ့ ကာရာဘောင်း တတိယအဆင့် မဲခွဲရလဒ်များ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့် မဲခွဲမှုတွေ ထွက်ပေါ်လာရာမှာ ပရီးမီးယားလိဂ် ထိပ်သီး အချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ပါဝင်လာပါတယ်။

လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်လို့ အိမ်ကွင်း ဆိုရင် ဗိုလ်မထားတဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားပါတယ်။

ယူနိုက်တက်နဲ့ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ လိဂ်ဖလားပြိုင်ပွဲမှာ (၆)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ယူနိုက်တက်က (၅)ကြိမ်အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ဆုံတွေ့တဲ့ ၂၀၁၁-၁၂ ကွာတားဖိုင်နယ်မှာတော့ ခရစ္စတယ်ပဲလေ့စ်က (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်က အမှတ်ပေးလိဂ် ကလပ်တစ်သင်းဖြစ်တဲ့ ဘရန့်ဖိုဒ့်နဲ့ ထိပ်တိုက်တွေ့နေပြီး စိတ်ဝင်စားစရာ အကောင်းဆုံး ကတော့ မနှစ်က ထိပ်ဆုံး ၄ သင်းဝင် ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ နယူးကာဆယ်တို့ ဒီအဆင့်မှာတင် ထိပ်တိုက်တွေ့နေပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ကာရာဘောင်း တ အဆင့် ပွဲစဉ်တွေက အောက်ပါ အတိုင်းပါ။

မန်ချက်စတာ ယူနိုက်တက် vs ပဲလေ့စ်
လီဗာပူး vs လက်စတာ
နယူးကာဆယ် vs မန်စီးတီး
ဘရန့်ဖိုဒ့် vs အာဆင်နယ်
ချယ်ဆီး vs ဘရိုက်တန်

လိဂ်ဖလားတတိယအဆင့်ပွဲတွေကို စက်တင်ဘာ(၂၅)ရက်ကျရင် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဘယ်အသင်းတွေ နောက်တစ်ဆင့်တက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ ဖြစ်ပါတယ်။