ဈေးကွက် ပိတ်ခါနီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ကာ ကပ်ဖြုတ်သွားတဲ့ ဗီလာရီးရဲလ်
ဗီလာရီးရဲအသင်း ဟာ သူတို့ရဲ့ ဘယ်နောက်ခံလူ အယ်ဖွန်ဆို ပယ်ဒရာဇာကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။
လုခ်ရှောနဲ့ တိုင်ရယ် မလာစီယာတို့က လက်ရှိဒဏ်ရာတွေ ရနေတာနဲ့အတူ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူ တစ်ယောက် အသစ်ရှာဖွေနေတာပါ။
ချယ်ဆီးရဲ့ ကူကူရယ်လာကို ပစ်မှတ်ထားထားတဲ့အပြင် ယူနိုက်တက်ဟာ ပယ်ဒရာဇာကို အငှားခေါ်ယူဖို့ ဗီလာရီးရဲထံ ချဉ်းကပ်ခဲ့ပေမယ့် စပိန်ကလပ်က မန်ချက်စတာကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဗီလာရီးရဲဧာ ပယ်ဒရာဇာကို သူတို့ရဲ့ အရေးပါတဲ့ အသင်းသားတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ဒီနွေရာသီမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။
ပယ်ဒရာဇာဟာ ပြီးခဲ့တဲ့ ဘာစီလိုနာကို၄-၃ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဗီလာရီးရဲအတွက် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးခဲ့တာပါ။
ပက်ဒရာဇာရဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံလိုက်ရတာနဲ့အတူ သရဲနီတွေဟာ ကူကူရယ်လာအတွက် အစွမ်းကုန် ကြိုးပမ်းနိုင်ဖွယ်ရှိပြီး သောကြာနေ့ အပြောင်းအရွှေ့ကာလ မပိတ်ခင် အပြီးသတ်နိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။