အာဆင်နယ် – မန်ယူ တို့ ထိပ်တိုက်တွေ့တဲ့ စူပါဆန်းဒေး ပွဲ အတွက် ကြိုတင် သတိပေးစကားတွေ ဆိုသွားတဲ့ ဂယ်ရီ နဗီးလ်
လာမယ့် တနင်္ဂနွေနေ့၊ အမ်းမရိတ်ကွင်းမှာ စူပါဆန်းဒေး ပရီးမီးယားလိဂ် ပွဲ အဖြစ် အာဆင်နယ်နဲ့ မန်ျခက်စတာ ယူနိုက်တက် အသင်းတို့ ထိပ်တိုက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ပြီးခဲ့တဲ့ ပွဲ ဖူလ်ဟမ်နဲ့ သရေကျထားကာ စတင် အမှတ်လျော့နေပြီ ဖြစ်တာကြောင့် လာမယ့် အမ်းမရိတ်က ပွဲမှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အားကုန်ထုတ်ဖွယ် ရှိပါတယ်။

အာဆင်နယ် အနေနဲ့ ကစားကွက် အပြောင်းအလဲ လုပ်နေတာတွေ ရပ်ပြီး လာမယ့် ယူနိုက်တက်နဲ့ ပွဲမှာတော့ ပုံမှန် ပြန်ကစားလာနိုင်တယ် လို့ နဗီးလ်က မျှော်လင့်ထားပါတယ်။
” အသင်း တစ်သင်းမှာ ဟန်ချက်ညီဖို့ ဆိုတာ သိပ်ကို အရေးကြီးတယ်။ တီထွင်ဆန်းသစ်မှုတွေ လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် တခါတလေ အိုင်ဒီယာကောင်း အဖြစ် စတင်လိုက်တဲ့ ကိစ္စက လက်တွေ့မှာ တကယ် အလုပ် မဖြစ်တာလည်း ရှိတယ်လေ။
အာဆင်နယ်မှာ အဲဒါမျိုး ဖြစ်နေတယ်လို့ ကျနော် ခံစားမိနေတယ်။ သူတို့ အခြေခံ 4-3-3 ကစားကွက်ဆီပဲ ပြန်သွားရမှာပါ။ ” လို့ နဗီးလ်က သုံးသပ်ပါတယ်။
မန်ယူနဲ့ ပတ်သတ်ပြီးလည်း သရဲနီဟောင်းကြီးက ” မန်ချက်စတာ ယူနိုက်တက်က ကောင်တာ တိုက်စစ်တွေမှာ သိပ်ကောင်းတယ်။ ဒါပေမယ့် အာဆင်နယ် နဲ့တွေ့မှာက သူတို့အတွက် စိန်ခါ်မှုကြီးပဲ။ သူတို့ ဒီရာသီ ခြေစွမ်းက ပုံမှန်အောက် ဖြစ်နေတယ်။
အမ်းမရိတ်မှာသာ ခြေစွမ်းက ပုံမှန်အောက် နဲ့ သွား ကစားရင် ရှုံးမှာ သေချာပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သူတို့ ခြေစွမ်းကို သေချာတင်မှ ဖြစ်မယ်။ ဒါပေမယ့် အာဆင်နယ်မှာ ဖြေရှင်းစရာတွေက ရှိနေတယ်။
လာမယ့်ပွဲမှာ မီခေးလ် အာတီတာက သူ့ စမ်းသပ်မှုကို အဆုံးသတ်ပြီး နောက်တန်း ၄ ယောက်နဲ့ပဲ ပြန်သွားမယ်လို့ မျှော်လင့်ပါတယ်။ ” လို့ က စကိုင်းစပေါ့မှာ သုံးသပ် ပြောဆိုခဲ့ပါတယ်။