မန်ယူ မရှုံးသင့်သလို ဒိုင်ရဲ့ ဆုံးဖြတ်ချက် ၃ ခုက တလွဲတွေ ဖြစ်ခဲ့တယ်လို့ တန်ဟက် ထောက်ပြ စောဒကတက်
မနေ့ညက မန်ချက်စတာ ယူနိုက်တက် အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲအတွင်း ဂါနာချိုရဲ့ဂိုးကို ပေးခဲ့သင့်သလို ဟာလန်းလဲ ပင်နယ်တီရဖို့ ထိုက်တန်ခဲ့တယ်လို့ မန်ယူ နည်းပြ အဲရစ်တန်ဟက်က ယူဆထားပါတယ်။
၃-၁ နဲ့ ရှုံးခဲ့ပေမယ့်လဲ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို နည်းပြ တန်ဟက်က ချီးကျူးခဲ့ပြီးတော့ ပွဲကို ထိခိုက်စေခဲ့တဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မကျေနပ်မှုကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သိပ်ကောင်းတဲ့ ပွဲတစ်ပွဲကစားခဲ့တယ်ထင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့တယ်။
ဂါနာချိုရဲ့ဂိုးက လူမကျွံခဲ့ပါဘူး။ VAR ကြည့်တဲ့ ကင်မရာရှုထောင့်က မှားနေခဲ့တာပါ။ ဟာလန်းလဲ ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ပြီးတော့ ဂျွန်နီ အီဗန်အပေါ် ပြစ်ဒဏ်ကျူးလွန်တာ ထင်ရှားရဲ့သားနဲ့ ဂိုးတစ်ဂိုး ပေးလိုက် ရသေးတယ်”လို့ တန်ဟက်က ပြောပါတယ်။
ဂန်းနားတွေ ဟာ အမ်းမရိတ်စ်မှာ ဦးဆောင်ဂိုး အရင်ပေးခဲ့ရပေမယ့် ချက်ချင်း ပြန်ချေပခဲ့ပြီး နာကျင် အချိန်ပိုမှာ သွင်းတဲ့ ဂိုးတွေနဲ့ အရေးပါတဲ့နိုင်ပွဲကို ရရှိခဲ့တာပါ။
ပွဲချိန် ၂၇ မိနစ်မှာ ရက်ရှ်ဖို့ဒ် ဦးဆောင်ဂိးရခဲ့ပေမယ့် ချက်ချင်းဆိုသလို အိုဒီဂတ်က ချေပခဲ့ပြီးတော့ ဂါနာချိုရဲ့ဂိုးကို ပယ်ဖျက်ခဲ့ပြီးနောက် နာကျင်အချိန်ပိုမှာ ဒီကလန်ရိုက်စ်နဲ့ ဂျေးဆုတို့က အနိုင်ဂိုးတွေကို သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။