ဆိုးရှား အလုပ်ပြုတ်တာ မမြင်ချင်ပေမယ့် မန်ယူက ထုတ်သင့်ပြီလို့ တည့် ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန် ဟာ သူ့ အသင်းဖော်ဟောင်း ဆိုးရှားကို တည့် ဝေဖန် ပြောဆိုဖိုထက် တောက်လျောက် ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်သာ နည်းပြ ပြောင်းဖို့ လိုပြီလို့ ဝန်ခံ ထုတ်ပြောလာတာ ဖြစ်ပါတယ်။

ဒီတလော အိုးထရက်ဖို့ဒ်က ဂိုးပြတ်နိုင်ပွဲတွေနဲ့ မတုန်မလှုပ် ဆိုးရှားကြောင့် သူလည်း လေသံ ပြောင်းလာခဲ့ရပြီ ဖြစ်ပါပြီး မန်ယူဟာ ဆိုးရှားကို ထုတ်ပယ်သင့်ပြီလို့ ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

” ကျနော့် အနေနဲ့ အသင်းဖော်ဟောင်း မိတ်ဆွေဟောင်းတွေကို ဒီလို ပြောနေရတဲ့ အနေအထား ရောက်နေရတာ မုန်းမိပါတယ်။ ဒီလူတွေ ကောင်းကောင်း လုပ်နေတာပဲ ကျနော် က မြင်ချင်တာလေ။ ဒါပေမယ့် ကျနော် ရိုးရိုးသားသား ဝန်ခံရပါတော့မယ်။

ကစားသမားတွေကိုတော့ ဒီဂျာစီ ဝတ် မကစားနေသင့်တော့ဘူး ပြောနေပြီး မန်နေဂျာကို မပြောနိုင်ဘူး ဆိုတာ မဟုတ်တော့ပါဘူး။ ကစားသမားတွေ အတွက်ကျ တစ်မျိုး မန်နေဂျာကျ တစ်မျိုး ဆက်ဆံ ပြောဆို နေလို့ မရဘူး။

လူတစ်ယောက် အလုပ်ပြုတ်သွားတာကို မြင်ရတာလည်း မကောင်းပါဘူး။ ဒါပေမယ့် ကိုယ်မြင်တာ ထုတ်ပြောဖို့ကလည်း လိုပါတယ်။ ဒါက ဘောလုံးကလပ် တစ်ခုလုံးအတွက် ပြောနေရတာ ဖြစ်ပြီး တစ်ဦး တစ်ယောက်တည်း အတွက် မဟုတ်ပါဘူး။” လို့ ဖာဒီနန်က ဆိုပါတယ်။

ဒါ့ အပြင် ” အိုလေက ကျနော်တို့ ဝန်ကို ဝန်ခံရမယ့် အနေအထား တစ်ခုဆီ ဆွဲခေါ်လာခဲ့ပြန်ပြီ။ အိုလေ အနေနဲ့ အခု ဒီကနေ ထွက်သွားရင်လည်း ခေါင်းမော့ ရင်ကော့ ထွက်သွားနိုင်ပါပြီ။ သူ ကျနော်တို့ အသင်းကို စ ခေါ်လာရတဲ့ အချိန်ကို ပြန်ကြည့်ရင် ဒီရာသီ အစလောက်မှ ထွက်ခွာသွားနိုင်ရင် ဒါက ကောင်းခြင်း တစ်ခုပါပဲ။ ” လို့ ဖာဒီနန်က ပြောဆိုသွားပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံလူေဟာင္းၾကီး ရီယို ဖာဒီနန္ ဟာ သူ႔ အသင္းေဖာ္ေဟာင္း ဆိုးရွားကို တည့္ ေဝဖန္ ေျပာဆိုဖိုထက္ ေတာက္ေလ်ာက္ ကာကြယ္ ေျပာဆိုခဲ့တာ ျဖစ္ၿပီး ဒီတစ္ႀကိမ္သာ နည္းျပ ေျပာင္းဖို႔ လိုၿပီလို႔ ဝန္ခံ ထုတ္ေျပာလာတာ ျဖစ္ပါတယ္။

ဒီတေလာ အိုးထရက္ဖို႔ဒ္က ဂိုးျပတ္ႏိုင္ပြဲေတြနဲ႔ မတုန္မလႈပ္ ဆိုးရွားေၾကာင့္ သူလည္း ေလသံ ေျပာင္းလာခဲ့ရၿပီ ျဖစ္ပါျပီး မန္ယူဟာ ဆိုးရွားကို ထုတ္ပယ္သင့္ျပီလို႔ ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာပါ။

” က်ေနာ့္ အေနနဲ႔ အသင္းေဖာ္ေဟာင္း မိတ္ေဆြေဟာင္းေတြကို ဒီလို ေျပာေနရတဲ့ အေနအထား ေရာက္ေနရတာ မုန္းမိပါတယ္။ ဒီလူေတြ ေကာင္းေကာင္း လုပ္ေနတာပဲ က်ေနာ္ က ျမင္ခ်င္တာေလ။ ဒါေပမယ့္ က်ေနာ္ ႐ိုး႐ိုးသားသား ဝန္ခံရပါေတာ့မယ္။

ကစားသမားေတြကိုေတာ့ ဒီဂ်ာစီ ဝတ္ မကစားေနသင့္ေတာ့ဘူး ေျပာေနၿပီး မန္ေနဂ်ာကို မေျပာႏိုင္ဘူး ဆိုတာ မဟုတ္ေတာ့ပါဘူး။ ကစားသမားေတြ အတြက္က် တစ္မ်ိဳး မန္ေနဂ်ာက် တစ္မ်ိဳး ဆက္ဆံ ေျပာဆို ေနလို႔ မရဘူး။

လူတစ္ေယာက္ အလုပ္ျပဳတ္သြားတာကို ျမင္ရတာလည္း မေကာင္းပါဘူး။ ဒါေပမယ့္ ကိုယ္ျမင္တာ ထုတ္ေျပာဖို႔ကလည္း လိုပါတယ္။ ဒါက ေဘာလုံးကလပ္ တစ္ခုလုံးအတြက္ ေျပာေနရတာ ျဖစ္ၿပီး တစ္ဦး တစ္ေယာက္တည္း အတြက္ မဟုတ္ပါဘူး။” လို႔ ဖာဒီနန္က ဆိုပါတယ္။

ဒါ့ အျပင္ ” အိုေလက က်ေနာ္တို႔ ဝန္ကို ဝန္ခံရမယ့္ အေနအထား တစ္ခုဆီ ဆြဲေခၚလာခဲ့ျပန္ၿပီ။ အိုေလ အေနနဲ႔ အခု ဒီကေန ထြက္သြားရင္လည္း ေခါင္းေမာ့ ရင္ေကာ့ ထြက္သြားႏိုင္ပါၿပီ။ သူ က်ေနာ္တို႔ အသင္းကို စ ေခၚလာရတဲ့ အခ်ိန္ကို ျပန္ၾကည့္ရင္ ဒီရာသီ အစေလာက္မွ ထြက္ခြာသြားႏိုင္ရင္ ဒါက ေကာင္းျခင္း တစ္ခုပါပဲ။ ” လို႔ ဖာဒီနန္က ေျပာဆိုသြားပါတယ္။