ဒဏ်ရာ ပါလာတဲ့ အမ်မရာဘတ်၊ ၇ ပွဲလောက် လွဲမယ့် အိုနာနာ၊ ၂၀၂၅ မှ ရောင်းမယ့် ဂလေဇာတို့နဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြား သတင်းများ

မန်ယူ ကွင်းလယ်လူသစ် အမ်မရာဘတ်ဟာ နောက်ကျော ဒဏ်ရာရှိနေပေမယ့် အပြောင်းအရွှေု့ဖြစ်မြောက်နိုင်ဖို့ အသင်းဘက်က ဆေးစစ်မှုအအောင်ပေးခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာက အသေးစား ဒဏ်ရာဖြစ်နေတာကြောင့်လည်း ယူနိုက်တက် က အပြောင်းအရွှေ့ကို ဆက်လုပ်ခွင့်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ အသင်းကို လက်တလော ရောင်းချမှာ မဟုတ်ပဲ ၂၀၂၅ ခုနှစ်နောက်ပိုင်းမှသာ ပြန်လည် ရောင်းချဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အစီအစဉ်တင်ဆက်သူနဲ့ အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်မော်ဂန်က ပြီးခဲ့တဲ့ တနင်္ဂနွေ‌နေ့မှာ ယူနိုက်တက် က အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ်ခဲ့တဲ့ ပွဲအပြီးမှာ ယူနိုက်တက်ဟာ ပင်ကိုယ်အားဖြင့် တစ်ခုခုမှားယွင်းနေပြီး တန်ဟက်ရဲ့ လက်ရှိအခြေအနေဟာ အဆိုးဆုံးဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ကြောင်း စွပ်စွဲခံခဲ့ရပြီး ယခုအခါစုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းခံနေရတာကြောင့် ဘရာဇီးအသင်းက ၎င်းကို အသင်းလူစာရင်းမှ ထုတ်ပယ် လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ယူနိုက်တက်ဂိုးသမားဟောင်း ဘင်ဖော်စတာက တကယ်လို့ နည်းပြကြီးဖာဂူဆန်သာ ယူနိုက်တက် နည်းပြအဖြစ် ဆက်ရှိ ဦးမယ် ဆိုရင် ဆန်ချို အသင်းနဲ့လေ့ကျင့်ဖို့တေင် ပြန်ပူးပေါင်းခွင့် ရမှာ မဟုတ်ဘဲ အပြစ်ပေး ခံနေရလောက်ပြီ လို့ ပြောပြသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား အိုနာနာက လက်ရွေးစင်အသင်းကနေ အနားယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပြီး လာမယ့် အာဖရိကဖလား ဝင်ခွင့်ပွဲစဉ်အတွက် ကင်မရွန်းလူစာရင်းထဲမှာ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

ကင်မရွန်းသား အာဖရိကဖလား ပြိုင်ပွဲ ပါဝင် ကစားခွင့် ရရင် အိုနာနာက ယူနိုက်တက်ရဲ့ပွဲစဉ် ၇ ပွဲလောက်ကို လွဲချော်နိုင်တာဖြစ်ပါတယ်။