ရက်ရှ်ဖို့ဒ် ထွက်သွားပြီးနောက် အင်္ဂလန်အသင်းအတွက် ခေါ်ယူခံရပြီ ဖြစ်တဲ့ စမစ်ရိုဝီ

အာဆင်နယ် ကစားသမားလေး အီမီလီ စမစ်ရိုဝီဟာ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် အင်္ဂလန်လူစာရင်းမှာ ပထမဆုံး ရွေးချယ်ခံခဲ့ရပြီ ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းကနေ ရက်ရှ်ဖို့ဒ်နဲ့ ဝက်စ်ပရောက်တို့ နှုတ်ထွက်သွားသလို မေဆင်မောင့်နဲ့ လုခ်ရှောတို့ လည်း မပါဖို့ များနေချိန် ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုကို ရွေး မရွေး ဆိုတာတော့ မသိရသေးပါဘူး။

အာဆင်နယ်လူငယ်လေး စမစ်ရိုဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၈ပွဲမှာ ၅ဂိုး သွင်းထားပေမဲ့ အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ ကစားမယ့် ကနဦး လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ယခုအချိန်မှာတော့ ယူ-၂၁အသင်းကနေ စီနီယာ အသင်းကြီးထံ ပါဝင်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

စမစ်ရိုဝီဟာ ယခုနှစ်အတွင်း သိသိသာသာကို ခြေစွမ်းပြ တိုးတက်လာတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်မှာ ခြေစွမ်းပြလျက် ရှိနေပါတယ်။ တနင်္ဂနွေနေ့က ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း စမစ်ရိုဝီဟာ အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ယခုနှစ် ပရီးမီးယားလိဂ် ၁၁ပွဲမှာ ၄ဂိုးသွင်းကာ ၂ဂိုး ဖန်တီးထားခဲ့ပါတယ်။

အင်္ဂလန်ရဲ့ ထုတ်ပြန်ချက်မှာ”စမစ်ရိုဝီဟာ အင်္ဂလန်အသင်းကြီးမှာ ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။ အာဆင်နယ် တိုက်စစ် ကစားသမားဟာ တနင်္လာနေ့မှာ စိန့်ဂျော့ချ်ပတ်ခ်ကို ရောက်ရှီလာခဲ့ပြီး ယူ-၂၁နဲ့ ပူးပေါင်းဖို့ ကနဦး စီစဉ်ထားခဲ့ပေမဲ့ ရက်ရှ်ဖိုဒ်၊ မေဆင်မောင့်၊ ဝက်စ်ပရောက်၊ လုခ်ရှောတို့ဟာ အသင်းကို ရောက်မလာခဲ့ပါဘူး။

ရက်ရှ်ဖို့ဒ်က ကြံ့ခိုင်မှု အပြည့်အဝရဖို့ ယူနိုက်တက်မှာ ဆက်ရိနေပြီး ဝက်စ်ပရောက်ဟာလည်း အဖျားဝေဒနာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်ခဲ့ပါတယ်။ မောင့်ဟာ သွားခွဲစိတ်ကုသမှုကြောင့် နောက်ကျမှ လာပူးပေါင်းမှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ပူးပေါင်းမှာ ဖြစ်ကာ ရှောကလည်း ကလပ်ရဲ့ အစီအစဉ်တွေအတွင်း ဆက်လက် လိုက်နာရဦးမှာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။

ZG

အာဆင္နယ္ ကစားသမားေလး အီမီလီ စမစ္႐ိုဝီဟာ လာမယ့္ ကမာၻ႔ဖလား ေျခစစ္ပြဲေတြအတြက္ အဂၤလန္လူစာရင္းမွာ ပထမဆုံး ေ႐ြးခ်ယ္ခံခဲ့ရၿပီ ျဖစ္ပါတယ္။

အဂၤလန္ လက္ေရြးစင္ အသင္းကေန ရက္ရွ္ဖို႔ဒ္နဲ႔ ဝက္စ္ပေရာက္တို႔ ႏႈတ္ထြက္သြားသလို ေမဆင္ေမာင့္နဲ႔ လုခ္ေရွာတို႔ လည္း မပါဖို႔ မ်ားေနခ်ိန္ ယူနိုက္တက္ တိုက္စစ္သမား ဆန္ခ်ိဳကို ေ႐ြး မေ႐ြး ဆိုတာေတာ့ မသိရေသးပါဘူး။

အာဆင္နယ္လူငယ္ေလး စမစ္႐ိုဟာ ၿပီးခဲ့တဲ့ ပြဲစဥ္ ၈ပြဲမွာ ၅ဂိုး သြင္းထားေပမဲ့ အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ ကစားမယ့္ ကနဦး လူစာရင္းမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမဲ့ ယခုအခ်ိန္မွာေတာ့ ယူ-၂၁အသင္းကေန စီနီယာ အသင္းႀကီးထံ ပါဝင္ခြင့္ ရခဲ့ၿပီ ျဖစ္ပါတယ္။

စမစ္႐ိုဝီဟာ ယခုႏွစ္အတြင္း သိသိသာသာကို ေျခစြမ္းျပ တိုးတက္လာတဲ့ ကစားသမားျဖစ္ၿပီး အာဆင္နယ္မွာ ေျခစြမ္းျပလ်က္ ရွိေနပါတယ္။ တနဂၤေႏြေန႔က ဝက္ဖို႔ဒ္နဲ႔ပြဲမွာလည္း စမစ္႐ိုဝီဟာ အာဆင္နယ္အတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ယခုႏွစ္ ပရီးမီးယားလိဂ္ ၁၁ပြဲမွာ ၄ဂိုးသြင္းကာ ၂ဂိုး ဖန္တီးထားခဲ့ပါတယ္။

အဂၤလန္ရဲ႕ ထုတ္ျပန္ခ်က္မွာ”စမစ္႐ိုဝီဟာ အဂၤလန္အသင္းႀကီးမွာ ပထမဆုံး ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ အာဆင္နယ္ တိုက္စစ္ ကစားသမားဟာ တနလၤာေန႔မွာ စိန႔္ေဂ်ာ့ခ်္ပတ္ခ္ကို ေရာက္ရွီလာခဲ့ၿပီး ယူ-၂၁နဲ႔ ပူးေပါင္းဖို႔ ကနဦး စီစဥ္ထားခဲ့ေပမဲ့ ရက္ရွ္ဖိုဒ္၊ ေမဆင္ေမာင့္၊ ဝက္စ္ပေရာက္၊ လုခ္ေရွာတို႔ဟာ အသင္းကို ေရာက္မလာခဲ့ပါဘူး။

ရက္ရွ္ဖို႔ဒ္က ႀကံ့ခိုင္မႈ အျပည့္အ၀ရဖို႔ ယူႏိုက္တက္မွာ ဆက္ရိေနၿပီး ဝက္စ္ပေရာက္ဟာလည္း အဖ်ားေဝဒနာေၾကာင့္ ကမာၻ႔ဖလား ေျခစစ္ပြဲေတြကို လြဲေခ်ာ္ခဲ့ပါတယ္။ ေမာင့္ဟာ သြားခြဲစိတ္ကုသမႈေၾကာင့္ ေနာက္က်မွ လာပူးေပါင္းမွာ ျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း ပူးေပါင္းမွာ ျဖစ္ကာ ေရွာကလည္း ကလပ္ရဲ႕ အစီအစဥ္ေတြအတြင္း ဆက္လက္ လိုက္နာရဦးမွာ ျဖစ္ပါတယ္”လို႔ ထုတ္ျပန္ထားပါတယ္။