ကက်စ်မီရို က သူ့အင်္ကျီကို ဆွဲပီး ဘာပြောခဲ့သလဲဆိုတာဖွင့်ဟလာတဲ့ မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးသစ် ရာစမပ်စ် ဟွိုင်လန်း က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဆင်နယ်ကို ရှုံးနိမ့်တဲ့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် သူ့ကို အသင်းဖော် ကက်စ်မီရို ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟပြောကြားလာပါတယ်။

နွေရာသီတွင် အတ္တလန္တာမှ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဟွိုင်လန်းဟာ တနင်္ဂနွေနေ့တုန်းက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲ ကစားခဲ့ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ပထမဆုံးကစားတဲ့ ပွဲစဉ်တွင် အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့လည်း ကက်စ်မီရိုက သူ့ကို အင်္ကျီဆွဲပြီး စကားအော်ဟစ်ပြောခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် ဘရာဇီးသားက ဟွိုင်လန်းကို ရန်လုပ်နေခဲ့တာတော့ မဟုတ်ပါဘူး။ ဒါကို ဟွိုင်လန်းက အခုလို ရှင်းပြခဲ့ပါတယ်။

ဟွိုင်လန်းက ” သူ စပိန်လို တစ်ခုခု ပြောလိုက်တာပါ။ vamos (Come On) ပဲလား၊ အခြားတစ်ခုလား မသိပါဘူး။ မာရှယ်တုန်းကနဲ့မတူဘဲ ကျွန်တော် ရောက်လာချိန်မှာ အသင်းက အနည်းငယ် ကစားဟန်ပြင်းလာတော့ သူ ပျော်နေပါတယ်။

အရင်တုန်းက သူ ကျွန်တော် ကစားတာ မမြင်ဖူးပါဘူး။ ဒီတော့ သူဟာ ကျွန်တော့်ကစားပုံအပေါ် အံ့ဩနေခဲ့တယ်”လို့ ပြောကြားသွားပါတယ်။

ဟွိုင်လန်းရဲ့ ယူနိုက်တက်နဲ့ ပွဲဦးထွက် ခြေစွမ်း အပေါ် အကောင်းမြင်မှုတွေတော့ ရရှိနေပြီး သရဲနီဟောင်းကြီး နဗီးလ်ကလည်း အချိန်ပေး စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။