မန်ယူအသင်းနဲ့ အတူ တိုက်စစ်မှုးသစ် ဟွိုင်လန်း သိပ်ကို ကစားချင်နေတဲ့ ပွဲ ၂ ပွဲ ရှိနေ
မန်ယူတိုက်စစ်မှုးသစ် ဟွိုင်လန်းကတော့ ထူးခြားတဲ့ ပွဲစဉ် ရှိနေတာကြောင့် သူ ပါဝင် ကစားဖို့ မစောင့်နိုင်အောင် ရင်ခုန်နေရတဲ့ ပွဲစဉ် ရှိကြောင်း ဖော်ထုတ်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဟွိုင်လန်း ရဲ့ အသင်းဟောင်း ကိုပင်ဟေဂင် လည်း ပါဝင်နေပါတယ်။ ကိုပင်ဟေဂင် အသင်းမှာ ဟွိုင်လန်းအတွက် ပို ရင်ခုန်စရာ ဖြစ်တာက ..

သူ့ရဲ့ အမွှာညီတွေ ဖြစ်တဲ့ အသက် ၁၈ နှစ် အရွယ် အော်စကာနဲ့ အီမီးလ် တို့လည်း ကိုပင်ဟေဂင် အသင်းမှာ ပါဝင်ကစားနေတာပါ။
ဒိန်းမတ်လိဂ်မှာ ဇယားထိပ်ရောက်နေတဲ့ ကိုပင်ဟေဂင် အသင်းနဲ့ တွေ့ဖို့ ဟွိုင်လန်း ကတော့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်။
” ချန်ပီယံလိဂ်မှာ ကျနေ်ာတို့တွေချင်း ပြန်တွေ့ရမယ့် ပွဲကို မစောင့်နိုင်အောင် ဖြစ်နေပါပြီ။ ကိုယ့်အသင်းဟောင်းကို ပြန်တွေ့ရမှာက ကော်ငးတယ်လေ။ ကျနော့် ဇာတိမြို့က အသင်းပါ။ ဒါ့အပြင် ကိုယ့် ညီအကိုတွေနဲ့ ဘဝမှာ ဒီလို ရင်ဆိုင်ရဖို့က အကြိမ် များများ ကြုံမှာ မဟုတ်ဘူးလေ။
အဲဒီပွဲမှာ ကျနော် ကစားရဖို့ မျှော်လင့်ပါတယ်။ သူတို့ရောပေါ့။ ဒါပေမယ့် ဒီလို အခွင့်အရေး ထွက်လာတာကိုက သိပ် မိုက်နေပြီ လို့ ကျနော် ခံစားရတယ်။
မဲခွဲပွဲ ပြီးတော့ ကျနော့် ညီတွေဆီ ဖုန်းခေါ်ခဲ့သေးတယ်။ ကျနော်တို့ မိဘတွေကလည်း နည်းနည်း အာရုံများသွားတယ်။ သူတို့ ဘယ်သူ့ဘက်က နေရမယ်မှန်းမ သိဘူး ဖြစ်နေတယ်။ ကျနော်တို့ ညီအကိုတွေကတော့ ဒီမဲခွဲရလဒ်ကို သိပ် သဘောကျနေတာပေ့ါဗျာ။ ” လို့ ဟွိုင်လန်းက ပြောဆိုခဲ့ပါတယ်။
ဟွိုင်လန်းရဲ့ ညီတွေက ကိုပင်ဟေဂင်မှာ ပွဲထွက် ကစားသမားတွေတော့ မဟုတ်ကြသေးပါဘူး။
ယူနိုက်တက်ဟာ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကိုပင်ဟေဂင် အသင်းကို ဧည့်ခံ ကစားမှာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် နေ့ ဒိန်းမတ်မှာ ထပ်မံ ကစားရမှာပါ။