တီကိုနဲ့ မန်စီးတီးတို့ ချိတ်နေတဲ့ လာကာဇက်၊ ဖာဂူဆန် ဝေဖန်မှုနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
မန်ယူဂန္ထဝင် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က အာဆင်နယ် ပရိသတ်တွေ အနေနဲ့ အာဆင်ဝင်းဂါးအပေါ် ဆက်ဆံခဲ့မှု အတွက် အရှက် ရသင့်ကြောင်း၊ အာဆင်ဝင်းဂါးအနေနဲ့ ဥရောပဝင်ခွင့် နှစ်စဉ် ရရှိအောင် အမြဲတမ်း စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုဟာ အာဆင်နယ်တိုက်စစ်မှူးလာကာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေဆဲ ဖြစ်ပါတယ်။ ၃၀ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ လာမဲ့ရာသီကုန်မှာ အာဆင်နယ်ကနေအလွတ်နဲ့ ထွက်ခွာနိုင်ဖို့ များနေတာပါ။
ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဒဏ်ရာရ ကစားသမား ရှိနေချိန်မှာ ဂိုးသွင်းခဲ့တဲ့ အာဆင်နယ်ကစားသမားတွေရဲ့လုပ်ရပ်ဟာ လေးစားမှု မရှိဘူးဆိုတဲ့ ဝက်ဖို့ဒ်နည်းပြ ရာနီရေရီရဲ့ မှတ်ချက်ကို အာတီတာက တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော့်ကတော့ ကိုယ့် ကစားသမားနဲ့ ကိုယ့်အသင်းကို ကာကွယ်ရမှာပါပဲ။ ကျွန်တော်တို့ အရိုးသားဆုံးပဲ ကစားခဲ့တာပါ။ တချို့အခြေအနေတွေမှာ ကျွန်တော်တို့ ခံရတာတွေတောင် ရှိပါတယ်”လို့ အာတီတာက ဆိုခဲ့ပါတယ်။
အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်ကတော့ အခါးသီးဆုံးမြို့ခံပြိုင်ဘက်စပါးအနေနဲ့ ကွန်တီလို ထိပ်တန်းနည်းပြမျိုးကို ခန့်အပ် လိုက်တဲ့အပေါ် မနာလိုဖြစ်မိကြောင်း၊ ဒါပေမဲ့ ဒါဟာ အာတီတာကို အပုတ်ချလိုခြင်းမဟုတ်ကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။
ပို့စ်မောက်မှာ အငှားကစားနေတဲ့ အာဆင်နယ်ကြယ်ပွင့် အဇီးက သူ့အနေနဲ့ လက်ရှိအချိန်မှာ သင်ယူမှုတွေ ပြုလုပ်ပြီး အကောင်းဆုံး ကြိုးပမ်းလျက် ရှိနေကြောင်း၊ လက်ရှိ သူ့အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းစ် က ပြီးခဲ့တဲ့နွေရာသီက အပြောင်းအရွှေ့ဇာတ်လမ်းဟာ အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ အနာဂတ်အတွက်ပဲတွေးပြီး ပွဲကစားချိန် ရရှိအောင် အကောင်းဆုံး ကြိုးပမ်းနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လာကာဇက်အနေနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်နိုင်ချေ ရှိနေတာပါ။

ZG
မန္ယူဂႏၳ၀င္ နည္းျပေဟာငး္ၾကီး ဆာအဲလက္စ္ ဖာဂူဆန္က အာဆင္နယ္ ပရိသတ္ေတြ အေနနဲ႔ အာဆင္၀င္းဂါးအေပၚ ဆက္ဆံခဲ့မႈ အတြက္ အရွက္ ရသင့္ေၾကာင္း၊ အာဆင္၀င္းဂါးအေနနဲ႔ ဥေရာပ၀င္ခြင့္ ႏွစ္စဥ္ ရရွိေအာင္ အၿမဲတမ္း စြမ္းေဆာင္ႏိုင္ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
လာလီဂါထိပ္သီးကလပ္ အက္သလက္တီကိုဟာ အာဆင္နယ္တုိက္စစ္မွဴးလာကာဇက္ကို ေခၚယူဖို႔ ႀကိဳးပမး္လ်က္ ရွိေနဆဲ ျဖစ္ပါတယ္။ ၃၀ ႏွစ္အရြယ္တုိက္စစ္မွဴးအေနနဲ႔ လာမဲ့ရာသီကုန္မွာ အာဆင္နယ္ကေနအလြတ္နဲ႔ ထြက္ခြာႏုိင္ဖို႔ မ်ားေနတာပါ။
ဝက္ဖို႔ဒ္နဲ႕ ပြဲမွာ ဒဏ္ရာရ ကစားသမား ရွိေနခ်ိန္မွာ ဂိုးသြင္းခဲ့တဲ့ အာဆင္နယ္ကစားသမားေတြရဲ႕လုပ္ရပ္ဟာ ေလးစားမႈ မရွိဘူးဆိုတဲ့ ၀က္ဖုိ႔ဒ္နညး္ျပ ရာနီေရရီရဲ႕ မွတ္ခ်က္ကို အာတီတာက တုံ႔ျပန္ခဲ့ပါတယ္။
“ကၽြန္ေတာ့္ကေတာ့ ကိုယ့္ ကစားသမားနဲ႔ ကိုယ့္အသင္းကို ကာကြယ္ရမွာပါပဲ။ ကၽြန္ေတာ္တုိ႔ အရိုးသားဆံုးပဲ ကစားခဲ့တာပါ။ တခ်ိဳ႕အေျခအေနေတြမွာ ကၽြန္ေတာ္တုိ႔ ခံရတာေတြေတာင္ ရွိပါတယ္”လို႔ အာတီတာက ဆိုခဲ့ပါတယ္။
အာဆင္နယ္ဂႏၳ၀င္ေဟာင္း အီယန္ရိုက္ကေတာ့ အခါးသီးဆံုးၿမိဳ႕ခံၿပိဳင္ဘက္စပါးအေနနဲ႔ ကြန္တီလို ထိပ္တန္းနညး္ျပမ်ိဳးကို ခန္႔အပ္ လိုက္တဲ့အေပၚ မနာလိုျဖစ္မိေၾကာင္း၊ ဒါေပမဲ့ ဒါဟာ အာတီတာကို အပုတ္ခ်လိုျခင္းမဟုတ္ေၾကာင္း မွတ္ခ်က္ျပဳ ခဲ့ပါတယ္။
ပုိ႔စ္ေမာက္မွာ အငွားကစားေနတဲ့ အာဆင္နယ္ၾကယ္ပြင့္ အဇီးက သူ႔အေနနဲ႔ လက္ရွိအခ်ိန္မွာ သင္ယူမႈေတြ ျပဳလုပ္ၿပီး အေကာင္းဆံုး ၾကိဳးပမ္းလ်က္ ရွိေနေၾကာင္း၊ လက္ရွိ သူ႔အေနအထားနဲ႔ ပတ္သက္ၿပီး ေက်နပ္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
အာဆင္နယ္ကြင္းလယ္လူ မစ္လန္းႏိုင္းစ္ က ၿပီးခဲ့တဲ့ေႏြရာသီက အေျပာင္းအေရႊ႕ဇာတ္လမ္းဟာ အတိတ္မွာ က်န္ခဲ့ၿပီ ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္မွာ အနာဂတ္အတြက္ပဲေတြးၿပီး ပြဲကစားခ်ိန္ ရရွိေအာင္ အေကာင္းဆံုး ၾကိဳးပမ္းေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
မန္စီးတီးအေနနဲ႔ အာဆင္နယ္တုိက္စစ္မွဴး လာကာဇက္ကို ေခၚယူဖုိ႔ ပစ္မွတ္ထားလ်က္ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ လာကာဇက္အေနနဲ႔ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာျဖစ္ၿပီး အာဆင္နယ္ကေန အလြတ္နဲ႔ ထြက္ႏုိင္ေခ် ရွိေနတာပါ။