အမ်မရာဘတ် တန်းစီ ရွတ်ပြသွားတဲ့ သူ့ရဲ့ Idol မန်ချက်စတာ ယူနိုက်တက် ကစားသမားများ
သရဲနီ ကွင်းလယ်သစ် ဆိုဖရန် အမ်မရာဘတ်ဟာ ကလေးဘဝမှာ လေးစားအားကျခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်တွေနာမည်ကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ အဖြေ အဆင်သင့် ရှိနေခဲ့ပါတယ်။
မော်ရိုကို ကွင်းလယ်ကြယ်ပွင့်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဖီအိုရင်တီးနားကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က လာမယ့်နှစ် နွေရာသီမှာ အပြီးသတ်ဝယ်ယူခွင့်ကို ထည့်သွင်း ချုပ်ဆိုနိင်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်ကြယ်ပွင့်တွေထဲမှာ လေးစားအားကျခဲ့ရတဲ့ ကစားသမားတွေက ဘယ်သူလဲလို့ မေးမြန်းခြင်း ခံခဲ့ရချိန်မှာတော့ ဂန္တဝင်ကစားသမားတွေရဲ့ နာမည်အများအပြားကို ရွတ်ပြခဲ့ပြီး တကယ်တမ်းသာ ပြောရရင် တစ်နာရီလောက် ကြာသွားနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“မန်ယူနိုက်တက်က ထူးခြားဆန်းကြယ်တဲ့ကစားသမားတွေနဲ့ လူငယ်ကွင်းလယ်ကစားသမားတွေ အများကြီးရှိတယ်လို့ ကျွန်တော် ထင်တယ်။
အဲဒီတော့ ယေဘုယျအားဖြင့် ကျွန်တော်ကတော့ ပေါလ် စခိုး၊ ရွိုင် ကီးန်၊ ဒေးဗစ် ဘက်ဟမ်းတို့လို ကစာသးမားတွေကို ပိုကြည့်မိခဲ့ပါတယ်။ ဒါပေမယ့် တခြား ကြီးမားတဲ့ကစားသမားတွေလည်း ရှိပါတယ်။
ဂယ်ရီ နဗီး၊ ရီယို ဖာဒီနန်၊ လူးဝစ္စ ဆာဟာ၊ ဝိန်း ရူနီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ပါ။ ကျွန်တော် နာမည်တွေကို ပြောရမယ်ဆိုရင် တစ်နာရီလောက်ကို အချိန်ယူရနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မော်ရိုကို လက်ရွေးစင်ကြယ်ပွင့်ဟာ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ခွင့်ရရှိဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။