ဂလေဇာမိသားစုကို သတိပေးမှု၊ ဆန်ချို ဘာလို့ ဆော်ဒီ မရောက်လဲ၊ အန်တိုနီကို ထပ်စွပ်စွဲတဲ့ မိန်းမ ၂ဦးနဲ့ နောက်ဆုံးထွက် မန်ယူ သတင်းများ

ဆော်ဒီ ပရိုလိဂ် ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကတော့ မနေ့ညက ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဈေးကွက်မပိတ်ခင်မှာ ဆော်ဒီကလပ် အယ်လ်အက်တီဖတ်ဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းဘက်က အငှားအနေနဲ့သာ လက်လွှတ်ခံဖို့ ဆုံးဖြတ်ခဲ့ပြီး ငှားရမ်းခ ပေါင် သန်း ၅၀ အထိ အထိ ထည့်သွင်း တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်း ပရိသတ်တွေကတော့ အသင်းကို ရောင်းချဖို့ ငြင်းဆန်လိုက်တဲ့ ဂလေဇာမိသားစုကို ပြင်းပြင်းထန်ထန် တုန့်ပြန်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

မန်ယူ ကွင်းလယ်လူသစ် အမ်မရာဘတ် ဟာ ဒဏ်ရာ ရရှိနေတာကြောင့် မော်ရိုကို လက်ရွေးစင် အသင်းရဲ့ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့တယ်လို့ သိရှိရပါတယ်။

ဘရာဇီး နိုင်ငံမှာ ရည်းစားဟောင်း က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ စွဲချက်တင် ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ ဟာ ကြမ်းတမ်းတဲ့ အမူအကျင့် ရှိသူ တယောက် ဖြစ်ပြီး သူတို့ကိုလည်း လက်ပါ ခဲ့ဖူးကြောင်း အမျိုးသမီး ၂ ယောက်က ထပ်မံ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အန်တိုနီ ကိစ္စမှာ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေက သိလျက်နဲ့ ဖုံးကွယ်ပေးထားခဲ့တယ် လို့လည်း အန်တိုနီ ရည်းစားဟောင်းက စွပ်စွဲထားပါတယ်။

ဆန်ချိုကတော့ မကျေလည်မှုတွေ ရှိနေတဲ့နောက် နည်းပြ တန်ဟက်နဲ့ အသင်းတာဝန်ရှိသူတွေ ကို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်လာပါတယ်။