နောက်နှစ် နွေမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးမယ့် ကစားသမား ၆ ဦး၊ အငှား ၂ဦး

နောက်နှစ် ၂၀၂၄ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးမယ့် ကစားသမား ၈ ဦး ရှိနေပြီး ၎င်းတို့ အနာဂတ်တွေ အဆုံးအဖြတ် ဖြစ်လာတော့မှာပါ။

ဒီစာရင်းမှာ ယူနိုက်တက်ရဲ့ ဝါရင့် သက်တော်ရှည် တိုက်စစ်မှုး အန်တိုနီ မာရှယ်လည်း ပါဝင်နေသလို အငှားနဲ့ ရောက်လာကြသူတွေလည်း ပါဝင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်တော့မယ့်သူတွေကတော့ –

  1. ဝမ်ဘစ်ဆာကာ
  2. မာရှယ်
  3. လင်ဒီလော့ဖ်
  4. မာ့ဂျ်ဘရီ
  5. ဂျွန်နီ အီဗန်စ်
  6. တွမ်ဟိတန်

တို့ ဖြစ်ပါတယ်။

အထက်ပါ ၆ ဦးထဲမှာ ဘစ်ဆာကာ ကတော့ စာချုပ်သစ် သက်တမ်းတိုးဖို့ စီစဉ် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ထိုစာချုပ်ကုန်မယ့် သူတွေ အပြင် လက်ရှိ တစ်ရာသီ အငှား လာကစားကြသူတွေ ဖြစ်တဲ့ အမ်မရာဘတ်နဲ့ ရယ်ဂီလွန် တို့ အနာဂတ်တွေလည် ရှိပါတယ်။

ကွင်းလယ် ကစားသမား အမ်မရာဘတ်ကတော့ အပြီး ဝယ်ယူခွင့် ပါတဲ့ စာချုပ်နဲ့ ရောက်လာတာ ဖြစ်ပြီး ရယ်ဂီလွန်ကတော့ အငှား သီးသန့် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဘယ် ကစားသမားတွေကို ဆက်ထိန်းပြီး ဘယ်ကစားသမားတွေကို အလွတ်နဲ့ ပြန် လက်လွှတ်မလဲ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။