မန်ယူကနေ ထွက်ပြီးနောက် ကမ်းလှမ်းမှုတွေ ရပေမယ့် အခုထိ နည်းပြ ပြန်မလုပ်နိုင်၊ မလုပ်ရဲ ဖြစ်နေတဲ့ ဆိုးရှား
မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှားဟာ နော်ဝေအမျိုးသမီးအသင်းရဲ့ နည်းပြ ရာထူးအတွက် ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။
ဆိုးရှားက သူ့ အနေနဲ့ နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူပါ။
ဒီကြားထဲမှာ ပရီးမီးယားလိဂ် ကလပ်အသင်း အချို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အမှန်တကယ်ဖြစ်မလာခဲ့ပါဘူး။
ဆိုးလ်ရှားကို နော်ဝေအက်ဖ်အေကလည်း အမျိုးသမီးအသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးဖို့ ချဉ်းကပ် ခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ဂန္တဝင် က နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
ဆိုးရှား က ၂၀၁၈ ဒီဇင်ဘာ မှာ ယာယီ နည်းပြ အဖြစ် ယူနိုက်တက် ကို စတင် တာဝန်ယူခဲ့ရတာ ဖြစ်ပြီး အဲဒီနောက် ယူနိုက်တက် အမြဲတမ်း မန်နဂျော ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်မှာ ၂ ရာသီပြည့် တာဝန်ယူခဲ့တဲ့ ဆိုးရှားက မန်ချက်စတာ ကလပ်ကို ယူရိုပါလိဂ် ဖိုင်နယ်ထိ ပို့ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၂ နဲ့ ၃ ရအောင် ကိုင်တွယ် နိုင်ခဲ့ပါတယ်။