နော်ဝေမှာ သွားနှပ်နေတဲ့ ဆိုးရှား၊ ပေါ့ဘာ ဒဏ်ရာ၊ မာရှယ်ကို ချိန်နေတဲ့ ဂျူဗီနဲ့ မန်ယူ သတင်းများ

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းရင်း လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာ ဟာ နိုင်ငံ အသင်းကနေ နှုတ်ထွက်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ပေါ့ဘာ ဒဏ်ရာက သီတင်းပတ် ၈ ပတ်ကနေ ၁ဝ ပတ်လောက်ထိ ကြာသွားနိုင်ပြီး ဒီနှစ်ကုန်ပိုင်းထိ မကစားနိုင်တော့ဘူးလို့ သိရပါတယ်။

နည်းပြ ဆိုးရှားရဲ့ နေရာမှာ အစားထိုး ဝင်ရောက်နိုင်တယ်လို့ ရေပန်းစားနေတဲ့ အေဂျက်ဇ်နည်းပြ တန်ဟတ်အနေနဲ့ ရာသီဝက် ကာလမှ အေဂျက်ဇ်ကနေ ထွက်ခွာသွား မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မန်ယူ နောက်ခံလူ ဘစ်ဆာကာ ဟာ အသင်းမှာ အတွက် အသုံးမဝင်သူဖြစ်ကြောင်း၊ ဘစ်ဆာကာအနေနဲ့ ဘောလုံး လက်ခံ ရရှိရင် ဘာလုပ်ရမှန်းမသိ ဖြစ်နေတတ်ကြောင်း မန်ယူ ကွင်းလယ်လူဟောင်း ပေါလ်စခိုးက ဝေဖန်ခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးရှား က အသင်း ရလဒ်ဆိုးတွေ ကြုံတွေ့နေရချိန်မှာ အပြင်းအထန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းမရှိဘဲ အနား ပေးထားတဲ့အပေါ် မန်ယူကစားသမားတွေက အံ့အားသင့်နေပါတယ်။ လက်ရှိ နိုင်ငံတကာအားလပ်ရက်မှာ လက်ရွေးစင်မှာ အရွေးမခံရတဲ့ ကစားသမားတွေကို အနားပေးထားပြီး ဆိုးရှားကလည်း နော်ဝေသို့ ပြန်သွားပါတယ်။

မန်ယူကစားသမားဟောင်း ပေါလ်အင့်က တကယ်လို့ မန်ယူအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ရင် အရည်အသွေးမြင့် ကစားသမားတွေကို လက်လွှတ်ရမှာဖြစ်ကြောင်း၊ စီရော်နယ်ဒို၊ ပေါ့ဂ်ဘာ၊ ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ အနေနဲ့ အသင်းကနေ ထွက်ခွာနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

ဆိုးရှားဘက်ကနေ ကာကွယ် ပြောဆိုနေကျ မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဒီတကြိမ်မှာ အသင်း အနေနဲ့ နည်းပြ ဆိုးရှားကို ထုတ်ပယ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဒီရာသီမှာ မျှော်လင့်ချက်တချို့ ထားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှုး မာရှယ်ကို ဂျူဗင်တပ် အသင်းက ပစ်မှတ်ထား ချိန်ရွယ်နေကြောင်း အီတလီသတင်းတွေက ဖော်ပြနေပါတယ်။ ဂျူဗင်တပ်ဟာ မာရှယ် အပြင် အာဆင်နယ် တိုက်စစ်မှုး လာကာဇက်ကိုလည်း စောင့်ကြည့် နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူခဲ့ သင့်ကြောင်း ဆင်ကလဲယားက ဆိုလိုက်ပြီး ဒီလန်ရိုက်ဟာ မန်ယူ အသင်းကို ခြားနားစေမဲ့ ကစားသမားမျိုး ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။