မက်ဆီပြီး ဘာစီလိုနာ အတွက် နောက်ထပ် ထိုးနှက်ချက် ဖြစ်လာတဲ့ တိုက်စစ်မှုး အဂွဲရိုး

ဘာစီလိုနာ တိုက်စစ်မှူး အဂွဲရိုးသည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိသည်။ မက်ဆီ ထွက်ခွာသွားပြီးနောက် အဂွဲရိုး ယခုကဲ့သို့ ကာလရှည် အနားယူရခြင်းသည် ဘာစီလိုနာအသင်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။

အာဂျင်တီးနား တိုက်စစ်မှူး အဂွဲရိုးသည် မန်စီးတီးအသင်းမှ နူးကမ့်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ယခုအခါ အဂွဲရိုးသည် ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းအတွက် ကာလအတန်ကြာ ပြိုင်ပွဲဝင်ရောက်ကစားနိုင်မည် မဟုတ်ချေ။

အဂွဲရိုးသည် တနင်္ဂနွေနေ့ကတည်းက ဒဏ်ရာကြောင့် များစွာ နာကျင်မှု ခံစားနေရပြီး လမ်းပင်ကောင်းစွာမလျှောက်နိုင်ဖြစ်နေကာ နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိကြောင်း စပိန်ရေဒီယိုတစ်ခုက ပြောဆိုခဲ့ခြင်းဖြစ်သည်။

လာမည့် တနင်္ဂနွေနေ့တွင် ဆိုစီဒက်အသင်းနှင့် လာလီဂါအဖွင့်ပွဲစဉ် ကစားရမည်ဖြစ်သော ဘာစီလိုနာနည်းပြချုပ် ကိုးမန်းသည် တိုက်စစ်ကစားသမား မပြည့်စုံမှုကို ရင်ဆိုင်ရဖွယ်ရှိသည်။ အဂွဲရိုးသည် ကာတာလန်ကလပ်အသင်းအတွက် ပါဝင်ကစားနိုင်သေးခြင်း မရှိသလို ဘရာဇီးနှင့်ကစားသည့် ဇွန်လ ၁၁ ရက်က ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင်လည်း ပါဝင်ကစားနိုင်ခြင်း မရှိချေ။

အဂွဲရိုးသည် မက်ဆီနှင့်တွဲကစားလို၍ နူးကမ့်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ စနေနေ့က ကျင်းပခဲ့သော မက်ဆီ၏ နှုတ်ဆက်ညစာစားပွဲကို အဂွဲရိုး တက်ရောက်ခဲ့သည်။

ZG

ဘာစီလိုနာ တိုက္စစ္မႉး အဂြဲ႐ိုးသည္ ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ ႏိုဝင္ဘာလအထိ အနားယူရဖြယ္ရွိသည္။ မက္ဆီ ထြက္ခြာသြားၿပီးေနာက္ အဂြဲ႐ိုး ယခုကဲ့သို႔ ကာလရွည္ အနားယူရျခင္းသည္ ဘာစီလိုနာအသင္းအတြက္ ႀကီးမားေသာ ထိုးႏွက္ခ်က္တစ္ခုျဖစ္သည္။

အာဂ်င္တီးနား တိုက္စစ္မႉး အဂြဲ႐ိုးသည္ မန္စီးတီးအသင္းမွ ႏူးကမ့္သို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္သည္။ ယခုအခါ အဂြဲ႐ိုးသည္ ဒဏ္ရာေၾကာင့္ ဘာစီလိုနာအသင္းအတြက္ ကာလအတန္ၾကာ ၿပိဳင္ပြဲဝင္ေရာက္ကစားႏိုင္မည္ မဟုတ္ေခ်။

အဂြဲ႐ိုးသည္ တနဂၤေႏြေန႔ကတည္းက ဒဏ္ရာေၾကာင့္ မ်ားစြာ နာက်င္မႈ ခံစားေနရၿပီး လမ္းပင္ေကာင္းစြာမေလွ်ာက္ႏိုင္ျဖစ္ေနကာ ႏိုဝင္ဘာလအထိ အနားယူရဖြယ္ရွိေၾကာင္း စပိန္ေရဒီယိုတစ္ခုက ေျပာဆိုခဲ့ျခင္းျဖစ္သည္။

လာမည့္ တနဂၤေႏြေန႔တြင္ ဆိုစီဒက္အသင္းႏွင့္ လာလီဂါအဖြင့္ပြဲစဥ္ ကစားရမည္ျဖစ္ေသာ ဘာစီလိုနာနည္းျပခ်ဳပ္ ကိုးမန္းသည္ တိုက္စစ္ကစားသမား မျပည့္စုံမႈကို ရင္ဆိုင္ရဖြယ္ရွိသည္။ အဂြဲ႐ိုးသည္ ကာတာလန္ကလပ္အသင္းအတြက္ ပါဝင္ကစားႏိုင္ေသးျခင္း မရွိသလို ဘရာဇီးႏွင့္ကစားသည့္ ဇြန္လ ၁၁ ရက္က ကိုပါအေမရိကဖလား ဗိုလ္လုပြဲတြင္လည္း ပါဝင္ကစားႏိုင္ျခင္း မရွိေခ်။

အဂြဲ႐ိုးသည္ မက္ဆီႏွင့္တြဲကစားလို၍ ႏူးကမ့္သို႔ ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္သည္။ စေနေန႔က က်င္းပခဲ့ေသာ မက္ဆီ၏ ႏႈတ္ဆက္ညစာစားပြဲကို အဂြဲ႐ိုး တက္ေရာက္ခဲ့သည္။