အိမ်ကွင်းမှာ ဘရိုက်တန်ကို ဂိုးပြတ် ရှုံးပြီး စကားလုံးတွေ ပျောက်ဆုံးအောင် လုပ်ချသွားတဲ့ တန်ဟက်နဲ့ မန်ချက်စတာ ယူနိုက်တက်

အသင်းတွင်း ပြဿနာတွေ အများကြီး ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ည အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲမှာ ဘရိုက်တန်ကို ၁-၃ ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ကာ ပရိသတ်တွေအား စကားလုံးတွေ ပျောက်ဆုံးစေခဲ့ပါတယ်။

ယူနိုက်တက်တို့ ပွဲစကတည်းက ပြိုင်ဘက်ကို ဖိအားပေးပြီး ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်က ဖြုန်းတီးမှုတွေ များခဲ့ပြီး ဂိုးပေါက်ကလည်း မလုံတာကြောင့် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဂိုး အခွင့်အရေးတွေကို ရက်ရှ်ဖို့ဒ်က တော်တော်လေးဖြုန်းတီးခဲ့ပြီး သူ့ရဲ့ ကန်သွင်းချက်တွေက ဘေးထွက်တာ၊ ဘရိုက်တန် ခံစစ်က ဖျက်ထုတ်နိုင်ခဲ့တာတွေချည်းပါပဲ။

ဘရိုက်တန်ကတော့ ရှားရှားပါးပါးရလာတဲ့အခွင့်အရေးမှာ ဝဲလ်ဘက်ခ်က အသင်းဖော်ကျော်ခွပေးလိုက်တာကို အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးသွားခဲ့ပါတယ်။

အဲဒီနောက် မန်ယူတိုက်စစ်မှုးသစ် ဟွိုင်လန်း ခြေပဂိုး ပြန်သွင်းခဲ့ပေမယ့် ရက်ဖိုဒ့် ဘောလုံးပေးစဉ်မှာ စည်းကျော် နေခဲ့တာကြောင့် VAR က ပယ်ဖျက်ခဲ့ပါတယ်။

ယူနိုက်တက်တို့ တိုက်စစ်ဆင်ခွင့်တွေရပေမယ့် ဘရိုက်တန်ဘက်က ကောင်တာ ကစားလိုတာကြောင့် ဘောလုံး ကိုင်ခွင့်ပေးတဲ့ ပုံစံဖြစ်ပြီး ဒုတိယနဲ့ တတိယဂိုးတွေကို ခပ်လွယ်လွယ်ပဲ သွင်းယူပါတယ်။

တတိယဂိုး ပေးရအပြီး ယူနိုက်တက်တို့ ခြေပဂိုး တစ်ဂိုး ခပ်မြန်မြန် ပြန်ယူပေမယ့် ပွဲထဲ ပြန်လာနိုင်အောင် ကြိုးစားနိုင်ခဲ့ခြင်း မရှိပါဘူး။

လက်ကျန်မိနစ်တွေမှာ သွင်းဂိုးတွေ ထပ်မမြင်ရခဲ့တော့ဘဲ ၁-၃ နဲ့ ပွဲပြီးဆုံးကာ မန်ချက်စတာ ယူနိုက်တက်တို့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတော့တယ်။

ဂိုးသမားအိုနာနာကတော့ ဂိုးတွေဆက်တိုက်ပေးနေရပြီး သူ့ရဲ့ လက်စွမ်းကလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီအဖွင့် ၅ ပွဲမှာတင် ၃ ပွဲထိကို ရှုံးပွဲ ကြုံတွေ့ထားပြီ ဖြစ်ပါတယ်။